အနောက်မြောက်တိုင်းစစ်ဌာနချုပ်

မုံရွာမြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia

အနောက်မြောက်တိုင်းစစ်ဌာနချုပ်
Remove ads

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နမခ) သည် မုံရွာမြို့(မုံရွာ-ရေဦးအဝေးပြေးလမ်းမကြီးအနီး)တွင် အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မျိုးမင်းထွေး ဖြစ်သည်။

အချက်တိုများ အနောက်မြောက်တိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
Remove ads

သမိုင်း​

၁၉၆၁ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်က မန္တလေးမြို့တွင် အခြေစိုက်သည်။ ထိုစဉ်က ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခွဲခြားကာ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မန္တလေးမြို့သို့ပြောင်းရွှေ့ခဲ့သည်။ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။[][][]

Remove ads

ဖွဲ့စည်းပုံ

  1. တိုင်းစစ်ဌာနချုပ်ရုံး
    1. တိုင်းမှူးရုံး
    2. ဒုတိုင်းမှူးရုံး
    3. တိုင်းဦးစီး(ဗိုလ်မှူးချုပ်) ရုံး
      1. စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
        1. စစ်ဦးစီးမှူး(ပထမတန်း)
          1. စစ်ဆင်ရေးဌာနခွဲ
          2. တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
        2. စစ်ဦးစီးမှူး(ပထမတန်း၊ စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ)
        3. စစ်ဦးစီးမှူး(ပထမတန်း၊ ပြည်သူ့စစ်ဌာနခွဲ)
      2. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး၊ စစ်ရေးဌာန)ရုံး
        1. ဦးစီးအရာရှိ(ပထမတန်း၊ ငွေစာရင်းဌာနခွဲ)ရုံး
        2. ဦးစီးအရာရှိ(ပထမတန်း၊ မှတ်တမ်းဌာနခွဲ)ရုံး
      3. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး၊ စစ်ထောက်ဌာန)ရုံး
        1. ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
        2. ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
    4. စခန်းရုံး
  2. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
    1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
    2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
  3. အခြေချ စစ်ဗျူဟာအဖွဲ့များ
    1. အခြေချ စစ်ဗျူဟာအဖွဲ့ရုံး
    2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
  4. စစ်ဗျူဟာအဖွဲ့များ (သို့) လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ
    • လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ

နမခ နယ်မြေအတွင်းတွင် တည်ရှိသော စစ်ဌာနချုပ်များ နှင့် ၎င်း၏ကွပ်ကဲမှုအောက် စစ်ဗျူဟာများနှင့် လက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)

Remove ads

စစ်ဗျူဟာများ

  1. စစ်ဗျူဟာအဖွဲ့အခြေချ(ဟားခါး)
  2. စစ်ဗျူဟာအဖွဲ့အခြေချ(ခန္တီး)
  3. စစ်ဗျူဟာအဖွဲ့အခြေချ(မတူပီ)

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ နှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ

  1. အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်
  2. အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်
  3. အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  4. အမှတ်(၇၂)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်မှူးကြီး မောင်ရွှေ (ကြည်း - ၃၅၇၅) (၁၆-၁၀-၁၉၆၁ မှ ၂၉-၁၁-၁၉၆၁)
  • ဗိုလ်မှူးချုပ် စန်းယု (ကြည်း - ၃၅၆၉) (၂၉-၁၁-၁၉၆၁ မှ ၁၅-၂-၁၉၆၃))
  • ဗိုလ်မှူးကြီး လွန်းတင် (ကြည်း - ၃၆၁၀) (၁၅-၂-၁၉၆၃ မှ ၂၁-၅-၁၉၆၅)
  • ဗိုလ်မှူးကြီး စိန်မြ (ကြည်း - ၃၅၇၆) (၂၁-၅-၁၉၆၅ မှ ၂-၇-၁၉၆၉)
  • ဗိုလ်မှူးကြီး စိန်လွင် (ကြည်း - ၅၄၄၄) (၃-၇-၁၉၆၉ မှ ၈-၃-၁၉၇၄)
  • ဗိုလ်မှူးကြီး အေးကို (ကြည်း - ၆၁၃၃) (၈-၃-၁၉၇၄ မှ ၁၈-၃-၁၉၇၅)
  • ဗိုလ်မှူးချုပ် လှထွန်း (ကြည်း - ၅၄၉၇) (ဗသက - ၁) (၁၈-၃-၁၉၇၅ မှ ၂၁-၇-၁၉၇၇)
  • ဗိုလ်မှူးချုပ် အောင်ခင် (ကြည်း - ၅၉၃၄) (၂၁-၇-၁၉၇၇ မှ ၄-၅-၁၉၇၉)
  • ဗိုလ်မှူးချုပ် သန်းညွှန့် (ကြည်း - ၆၃၅၆) (၄-၅-၁၉၇၉ မှ ၄-၁၁-၁၉၈၅)
  • ဗိုလ်ချုပ် ထွန်းကြည် (ကြည်း - ၇၈၆၄) (စတသ - ၁) (၄-၁၁-၁၉၈၅ မှ )
  • ဗိုလ်ချုပ် ကျော်မင်း (ကြည်း - ၇၁၂၆)
  • ဗိုလ်ချုပ် လှမြင့်ဆွေ (ဗသက - ၃၀)
  • ဗိုလ်ချုပ် စိုးဝင်း(ကြည်း - ၁၁၇၁၅) (စတသ - ၁၂)
  • ဗိုလ်ချုပ် စိုးနိုင် (ကြည်း - ) (စတသ - ၁၇)
  • ဗိုလ်ချုပ် မြင့်စိုး (ကြည်း - ၁၆၃၉၁) (ဗသက - ၆၁)
  • ဗိုလ်ချုပ် စိုးလွင် (ကြည်း - ၁၈၁၈၉)
  • ဗိုလ်ချုပ် အောင်လင်းဒွေး (ကြည်း - ၁၈၂၆၃) (စတသ - ၂၅)
  • ဗိုလ်ချုပ် (သက်ပုံကြည်း - ၂၀၇၃၅) (စတသ - ၂၉) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး )
  • ဗိုလ်ချုပ် ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၃ မှူး)
  • ဗိုလ်ချုပ် စိုးတင့်နိုင် (နောင်တွင်  ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး)
  • ဗိုလ်ချုပ် မျိုးမိုးအောင် (ကြည်း - ၂၂၅၇၂) (စတသ - ၃၂) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်)
  • ဗိုလ်ချုပ် ဖြိုးသန့် (တေဇ - ၂၃) (ယခု နယ်စပ်ရေးရာဒုတိယဝန်ကြီး)
  • ဗိုလ်ချုပ် သန်းထိုက် (ကြည်း - ၂၈၁၄၆) (စတသ - ၃၈) (ယခင် အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး)[]
  • ဗိုလ်မှူးချုပ် မျိုးမင်းထွေး []
Remove ads

ကိုးကား

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads