ကျောမြို့

From Wikipedia, the free encyclopedia

Remove ads

ကျောမြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။[]

အချက်တိုများ ကျောမြို့, နိုင်ငံ ...

ပုံတောင်တောင်တန်း နှင့် ပုံညာတောင်တန်းအကြားတွင် တည်ရှိပြီး ပုလဲ - ဂန့်ဂေါကားလမ်း ပခုက္ကူ - ကလေးမီးရထားလမ်းတို့သည် ကျောမြို့ကို ဖြတ်သန်းသွားသည်။

ကျောဒေသတွင်ရွာ ၁၆ ရွာပါဝင်သည်။ ကျောချောင်းသည် ကျောဒေသကို မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းသည်။ လူသားအစပုံတောင်က ဆိုရမည့် ကမ္ဘာ့ အစောဆုံးလူနေထိုင်ခဲ့သည့် မြန်မာ့ ပရိုင်းမိတ်များ စတင်တူးဖော်တွေ့ရှိခဲ့ရာ ဒေသဖြစ်သည်။

လယ်ယာစိုက်ပျိုးရေး(တောင်သူ)လုပ်ငန်းသည် ကျောဒေသ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သသည်။ ယောစကား(​ ရှေးဗမာစကား)ကို အများဆုံးပြောဆိုကြသည်။

Remove ads

သမိုင်းကြောင်း

ကောဇာသက္ကရာဇ်(၂၂၄)ခုနှစ်၊ ပျူနွယ်ဖွား ဦးကျော်ဝ မှ ကျောချောင်းမြောက်ဘက် တဲနိမ့်(အရပ်ခေါ်သော အမည်)နေရာတွင် ကျောရွာကို ပထမအကြိမ်အဖြစ် စတင်တည်ထောင်ခဲ့ရာ ရွာတည်ထောင်သူ ဦးကျော်ဝအား အစွဲပြု၍ ကျော်ဝရွာဟု သမုတ်ခဲ့ရာမှ ကာလရွေ့လျားသောအခါ " ကျောရွာ"ဟု ခေါ်ဝေါ်ခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်နှင့် ကျောချောင်းရေတိုက်စား မှုကြောင့် ရွာပျက်စီး၍ သက္ကရာဇ် (၁၁၃၀)ခုနှစ် တပို့တွဲလပြည့်ကျော်(၅)ရက် အင်္ဂါနေ့နံနက်ရောင်နီလာချိန်တွင် မင်္ဂလာပန္နက်ရိုက်၍ ဒုတိယအကြိမ် ကျောရွာကို ယခုလက်ရှိ တည်နေရာတွင် ပြန်လည် တည်ထောင်ခဲ့ကြသည်။ ပန္နက်ရိုက်ရာနေရာတွင် ကျားတစ်ကောင်လာဝပ်သည်ကို တွေ့မြင်ကြ၍ ၎င်းကို အစွဲပြုပြီး ကျားဝပ်ရွာဟု ပြောင်းလဲအမည်ပေးခဲ့သော်လည်း ကာလရှည်ကြာလာသောအခါ ကျားဝပ်ရွာမှ "ကျောရွာ"ဟုပင် အမည်နာမခေါ်တွင်ခဲ့ကြသည်။

ကျောမြို့ဖွဲ့စည်းခြင်း

ပြည်ထဲရေးဝန်ကြီး ဌာန၏(၃၀.၃.၂၀၁၅)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃- ၁၂၇(၄၃၅၇)/ဦး၁(အထဥ)ဖြင့် ပေးပို့သည့် အမိန့် ကြော်ငြာစာဖြင့် ကျောကျေးရွာ၊ ရွှေပင်ကျေးရွာ၊ ပဲမစားကျေးရွာ၊ ရွာငယ်ကျေးရွာ၊ ကျွဲကိုင်းကျေးရွာ၊ စခါးကျေးရွာ(၆)ရွာအား စုစည်း၍ ကျောမြို့အဖြစ် သတ်မှတ်ပြီး အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းပြီး "ကျောမြို့"အဖြစ်သတ်မှတ်ပေးခဲ့သည်။

Remove ads

တည်နေရာနှင့် အကျယ်အဝန်း

ကျောမြို့သည် မြောက်လတ္တီတွဒ် (၂၁ဒီဂရီ၊ ၄၅မိနစ်)နှင့် (၂၂ဒီဂရီ၊ ၄၅မိနစ်)အကြား၊ အရှေ့လောင်ဂျီတွဒ် (၉၄ဒီဂရီ)နှင့် (၉၄ဒီဂရီ ၃၀မိနစ်)အကြားတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင်အားဖြင့် (၀.၃၅၃)မိုင် ကျယ်ဝန်းသည်။

ရာသီဥတုနှင့် ပင်လယ်ရေမျက်နှာအထက်အမြင့်

ကျောမြို့သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန် (43°C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (12 °C) ဖြစ်သည်။ ပင်လယ်ရေမျက်နှာအထက် (၇၀၃)ပေ မြင့်သည်။

ထင်ရှားသောနေရာများ

  1. ပုံတောင်က ကျောက်ဖြစ်ရုပ်ကြွင်း
  2. ပုံညာဥမင်လိုဏ်တို့

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads