ကျော်ဇေယျ

တပ်မ​တော်သား၊ တိုင်း​ဒေသကြီးဝန်ကြီး From Wikipedia, the free encyclopedia

Remove ads

ဗိုလ်မှူးကြီး ကျော်ဇေယျ သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လုံခြုံရေးနင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူနေသော တပ်မတော်အရာရှိတစ်ဦးဖြစ်သည်။[]ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့တွင် ထိန်းသိမ်းပြီးနောက် လစ်လပ်နေသော ဝန်ကြီးချုပ်နေရာကို အခြေခံဥပဒေအရ တာဝန်ယူခဲ့သည်။ နောက်တစ်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[]၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီး ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် မူလစစ်ဘက်တာဝန်များကို ပြန်လည်ထမ်းဆောင်စေခဲ့သည်။[]

အချက်တိုများ ဗိုလ်မှူးကြီး ကျော်ဇေယျ, တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်​ရေး​ကောင်စီဝင် (၁) ...
Remove ads

တပ်မတော်နှင့် အစိုးရအဖွဲ့ဝင်

ဗိုလ်မှူးကြီး ကျော်ဇေယျသည် ထားဝယ်မြို့ ဇာတိဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ် အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဗျူဟာမှူးတာဝန်ထမ်း ဆောင်ပြီးနောက် ပလောက်မြို့နယ်ရှိ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ဒုတိယကျောင်းအုပ်နှင့် နည်းပြ အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ယင်းမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဖြစ်လာသူဖြစ်သည်။ []

ယာယီဝန်ကြီးချုပ်

အခြေခံဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နေရာ လစ်လပ်သွားလျှင် ဝန်ကြီးချုပ်၏ အလုပ်တာဝန်များကို သက်ဆိုင်ရာ လုံခြံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အလိုအလျောက်တာဝန်ယူရမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတမှ ယာယီဝန်ကြီးချုပ် ခန့်အပ်ခြင်းမပြုမီ (သို့မဟုတ်) ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်က အတည်မပြုမီအထိ ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကော့သောင်းမြို့ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ဒေါက်တာလံ့လဲ့မော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့၍ ဗိုလ်မှူးကြီးကျော်ဇေယျမှာ ယာယီဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဒေါက်တာလဲ့လဲ့မော်ကို တာဝန်မှရပ်စဲကြောင်းနှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးကျော်ဇေယျသည် ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာထမ်းဆောင်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads