ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ

From Wikipedia, the free encyclopedia

ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ
Remove ads

ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ခွဲများဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) ခုနစ်ခုနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ (တစက) ခုနစ်ခု ရှိသည်။ စီမံအုပ်ချုပ်ရေးကောင်စီများကို ဥက္ကဋ္ဌနှင့် ကောင်စီဝင်များဖြင့် ဖွဲ့စည်းထားသည်။ ယခင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကဲ့သို့ပင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ ကောင်စီများ၏ အတွင်းရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြသည်။

အချက်တိုများ အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်, ဖွဲ့စည်းခြင်း ...

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ ပြည်နယ်/တိုင်း စီမံအုပ်ချုပ်ရေးကောင်စီများကို ပြည်နယ်နှင့်တိုင်း​ဒေသကြီး အစိုးရအဖွဲ့များအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။[]

Remove ads

သမိုင်းကြောင်း

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပိုက်ပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို တာဝန်မှ ရပ်စဲခဲ့သည်။ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ ၎င်းကောင်စီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီခွဲများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ယခင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးများဖြစ်လာသည်။

Remove ads

ဖွဲ့စည်းပုံနှင့် အခွင့်အာဏာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။

၁) စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဥက္ကဋ္ဌ
(၂) တပ်မတော်အရာရှိကြီး (၁) ဦး အဖွဲ့ဝင်
(၃) ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး အဖွဲ့ဝင်
(၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး

အဖွဲ့ဝင်
(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
(၆) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး အတွင်းရေးမှူး
Remove ads

ကောင်စီဥက္ကဋ္ဌများ

၂၀၂၁ အာဏာသိမ်းစစ်ကောင်စီသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီများ၏ ဥက္ကဋ္ဌများကို ယခင် နအဖလက်ထက်ကကဲ့သို့ တပ်မတော်စစ်တိုင်းမှူးများကို ခန့်အပ်ခြင်းမပြုဘဲ တပ်မတော်နှင့် နီးစပ်သော အခြား ပြင်ပပုဂ္ဂိုလ်များကို ခန့်အပ်ခဲ့သည်။ ယခင် နအဖအစိုးရလက်ထက်တွင် သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် ပြည်နယ်နှင့် တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ၏ ဥက္ကဋ္ဌများဖြစ်ကြသည်။[][][]

စဉ် အမည် တိုင်း/ပြည်နယ်
ဦးခက်ထိန်နန်ကချင်
ဦးခင်မောင်ဦးကယား
စောမြင့်ဦးကရင်
  1. တဲရင့်စ်စမွိုင်းနီခွဲ (၃.၂.၂၀၂၁ - ၁၁.၂.၂၀၂၁)
  2. ဦးငွန်ဆန်းအောင်
ချင်း
ဦးမောင်မောင်လင်း (၃.၂.၂၀၂၁ - ၁.၈.၂၀၂၁)စစ်ကိုင်း
ဦးတင်အောင် (၃.၂.၂၀၂၁ - ၁.၈.၂၀၂၁)တနင်္သာရီ
ဦးမျိုးဆွေဝင်းပဲခူး
ဦးတင့်လွင်မကွေး
ဦးမောင်ကိုမန္တလေး
၁၀ဒေါက်တာတင်ဌေးမွန်
၁၁ဒေါက်တာအောင်ကျော်မင်းရခိုင်
၁၂ဦးလှစိုးရန်ကုန်
၁၃ဒေါက်တာကျော်ထွန်းရှမ်း
၁၄ဦးရဲမြင့် (၃.၂.၂၀၂၁ - ၁.၈.၂၀၂၁)ဧရာဝတီ

ကောင်စီဝင်များ[၅]

ကချင်ပြည်နယ်

  • ဗိုလ်မှူးကြီး ကျော်လင်းအောင်
  • ဦးမျိုးဆွေ
  • ဦးတိန့်ဆောင်

ကယားပြည်နယ်

  • ဗိုလ်မှူးကြီး မြင့်ဝေ
  • ဦးပေါလူချမ်း
  • ဒေါ်စူးမြာယဉ်ယဉ်လေး

ကရင်ပြည်နယ်

  • ဗိုလ်မှူးကြီး မျိုးမင်းနောင်
  • စောခင်မောင်မြင့်
  • ဦးဇော်ဝင်း

ချင်းပြည်နယ်

  • ဗိုလ်မှူးကြီး ဟန်ဝင်းအောင်
  • ဦးငွန်းဆွန်းအောင် (၂ ဖေဖော်ဝါရီ ၂၀၂၁ - ဖေဖော်ဝါရီ ၂၀၂၁)
  • ဦးဂိုဆွင်းခိုင်

စစ်ကိုင်းတိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး ဝင်းတင်စိုး
  • ဦးမောင်ကြီး
  • ဒေါ်ရီရီသန်း

တနင်္သာရီတိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး ကျော်ဇေယျ
  • ဦးမောင်ကြီး
  • ဦးခင်မောင်မြင့်

ပဲခူးတိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး လှမျိုးရွှေ
  • ဦးဌေးလွင်ဦး
  • ဦးတင်ဦး

မကွေးတိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး မင်းဦး
  • ဒေါက်တာစန်းလှိုင်
  • ဦးစိုင်းမြင့်အေး

မန္တလေးတိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး ကျော်ကျော်မင်း
  • ဦးမျိုးအောင်
  • ဦးသိန်းဌေး

မွန်ပြည်နယ်

  • ဗိုလ်မှူးကြီး နေထွဋ်ဦး
  • ဦးဇော်လင်းထွန်း
  • ဦးအောင်ကြည်သိန်း

ရခိုင်ပြည်နယ်

  • ဗိုလ်မှူးကြီး မင်းသန်း
  • ဦးစံရွှေမောင်
  • ဦးသန်းထွန်း

ရန်ကုန်တိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး ဝင်းတင့်
  • ဦးအောင်သန်းဦး
  • ဦးဇော်ဝင်း

ရှမ်းပြည်နယ်

  • ဗိုလ်မှူးကြီး လှဦး
  • ဦးခွန်သိန်းမောင်
  • ဦးစိုင်းလိတ်

ဧရာဝတီတိုင်းဒေသကြီး

  • ဗိုလ်မှူးကြီး ကျော်စွာလှိုင်
  • ဦးတင်အေး
  • ဦးအုန်းမြင့်
Remove ads

ပြင်ဆင်ဖွဲ့စည်းခြင်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အိမ်စောင့်အစိုးကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့" များအဖြစ် အမိန်အမှတ် ၁၅၃/၂၀၂၁ အားဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

  1. ဝန်ကြီးချုပ်
  2. ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊
  3. ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊
  4. ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊
  5. ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာ၊
  6. ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
  7. ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊
  8. ဥပဒေချုပ်
  9. ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန (ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင် ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပြီး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) များသည် စည်ပင်သာယာရေးဝန်ကြီးများ အဖြစ်သတ်မှတ်လိုက်သည်။
  10. တိုင်းသဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းသဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads