ကျော်သောင်း
From Wikipedia, the free encyclopedia
Remove ads
ဦးကျော်သောင်း (၉ မေ ၁၉၄၉ မွေးဖွား) သည် မြန်မာ့နိုင်ငံရေးသမား၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒယ် အမှတ် ၁ ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ထမ်းဆောင်နေလျက်ရှိသည်။[၁]
ကိုယ်ရေးအကျဉ်း
ဦးကျော်သောင်း သည် မူလတန်းမှ အလယ်တန်းအထိကို ဆွမ်းချက် အလကတွင် လည်းကောင်း၊ (၉)တန်းကို ငြိမ်းကိုယ်ပိုင်အလွတ် ပညာသင်ကျောင်းတွင် လည်းကောင်း၊ (၁၀)တန်းကို အထက(၁) မုံရွာမြို့တွင် လည်းကောင်း သင်ကြားခဲ့ပြီး မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ ရရှိခဲ့သည်။ စစ်ကိုင်း အုန်းတောကားအသင်း ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အောင်ကမ္ဘာကားအသင်း ယာယီအမှုဆောင်အဖြစ် လည်းကောင်း၊ မန္တလာဦး ကားအသင်း ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ရန်အောင် မန်းကားအသင်း အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မြို့နယ် အလုပ်အမှုဆောင် အဖြစ်လည်းကောင်း၊ တိုင်းစည်းရုံးရေးအဖွဲ့တွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်တွင် ဓာတုဗေဒအသင်း၏ အားကစားမှူးအဖြစ်လည်းကောင်း ရွှေပြည်ဧအဆောင် သာယာရေးကော်မတီတွင် စားသောက်ရေးမှူး၊ နတ်မောက်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဆွမ်းချက်- အလကတွင် အသုံးလုံး လုပ်အားပေးကျောင်းဆရာအဖြစ်လည်းကောင်း၊ အပ်ချုပ်စုရပ် လူမှုရေးအသင်းတွင် နာယကအဖြစ်လည်းကောင်း၊ မိုးဇာရပ် တွင် ရပ်မိရပ်ဖ၊ စစ်ကိုင်းမြို့ မြို့မိမြို့ဖ အဖြစ်လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့သည်။
၁၉၉၆ ခုနှစ်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ်၊ ပုဒ်မ၅( ည)၊ နဝတ အမျိုးသားညီလာခံအပေါ် ဝေဖန်ချက် ဒီမိုကရေစီဆိတ်သုဉ်းခြင်း (သို့မဟုတ်) ညီမျှမှုမရှိခြင်း၊ သေနင်္ဂဗျူဟာ စီမံချက် အာဏာရှင်စနစ် မှ သည် ဒီမိုကရေစီစနစ်ဆီသို့ စာအုပ်များနှင့် ပတ်သက်၍ အပြစ်ပေးခြင်း ခံရသည်။ ၂၀၀၃ ခုနှစ် တွင် ဒီပဲရင်းအရေးအခင်းနှင့် ပတ်သက်၍ မုံရွာ ထောင်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခြင်းခံရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads