ဒေးဒရဲမြို့နယ်
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
ဒေးဒရဲမြို့နယ် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဒေးဒရဲမြို့ ဖြစ်သည်။ ဖျာပုံခရိုင်အတွင်း အရှေ့ဘက်ကျသော မြို့ကလေးဖြစ်သည်။ ထိုမြို့သည် တိုးမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိ၍ မြစ်ဝနှင့် ၁၅မိုင်မျှဝေးသည်။ ဒေးဒရဲမြို့၏ အဓိကလုပ်ငန်းမှာ ဆန်စပါး နှင့် ငါးပိငါးခြောက်လုပ်ငန်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးတွင် ရေကြောင်းကိုသာ အားထားရလေသည်။ ဒေးဒရဲဟူသောအမည်မှာ မွန်ဘာသာအမည်ဖြစ်၍ မြန်မာလို ဒရယ်ကုန်းဟု အဓိပ္ပာယ်ရသည်။ ဒေးဒရဲမြို့တွင် ရှေးရာမညတိုင်း မွန်မင်းအဆက်အနွယ်တို့ တည်ထားသော ကျိုက်ဒေးရုံ(တော်ကြပ်)စေတီတော်ကြီးရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads