ကြယ်ပုနက်

From Wikipedia, the free encyclopedia

Remove ads

ကြယ်ပုနက် ဆိုသည်မှာ သီအိုရီဆိုင်ရာ စတီလာအကြွင်းအကျန်တစ်ခု ဖြစ်သည်။ ယင်းတို့သည် ကြယ်ဖြူပုတို့မှ အပူနှင့်အလင်းများ ထုတ်မပေးနိုင်တော့သည့် အေးမြသော ကြယ်အမျိုးအစားများ ဖြစ်ကြသည်။ ကြယ်ပုနက်အဆင့်သို့ ရောက်ရှိရန် သက်တမ်းမှာ ၁၃.၈ ဘီလီယံနှစ်ရှိသောကြောင့် (ယနေ့စကြဝဠာ၏သက်တမ်းထက် ကျော်သည်) ကြယ်ပုနက်များသည် စကြဝဠာတွင် မတည်ရှိနိုင်သေးပေ။ ကြယ်ဖြူပုဆိုသည်မှာ ပင်မ အစီအစဉ် အတွင်းရှိကြယ်တို့မှ ဆင့်ကဲ့ပြောင်းလဲလာသော ကြယ်ဖြစ်ရာ (ယင်းတို့ အချိန်ကြာလာသော် ကြယ်ပုနက်အဖြစ် ပြောင်းလဲသွားပေမည်[][]) နေထုထည်ထက် ၉ မှ ၁ဝ အထိ လျော့နည်းသည်။[][] အအေးမြဆုံး ကြယ်ဖြူပုတို့၏အပူချိန်အား တိုင်းတာရာတွင် လေ့လာနိုင်သောစကြဝဠာအနားစွန်းမှ အကန့်အသတ်တစ်ခုပင်တည်း။ အကယ်၍ ကြယ်ပုနက်များ တည်ရှိခဲ့လျင်တောင်မှ ယင်းတို့အား ခြေရာခံမိရန် အင်မတန် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ အပူချိန်နှင့်အလင်းတို့ ထုတ်ပေးမှုသည် အင်မတန် နည်းပါးလှသည်။ သို့သော်လည်း ယင်းတို့၏ ဒြပ်ဆွဲအားကိုမူ ခြေရာခံနိုင်မည်ဖြစ်သည်။[] မကြာသေးခင်ကမှ နက္ခတ္တပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည်မှာ အပူချိန် ၃၉၀၀ ကေလ်ဗင်အောက်ရှိသော ကြယ်ဖြူပုအချို့အား ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။ ယင်းတို့သည် သက်တမ်းအားဖြင့် ၁၁ မှ ၁၂ ဘီလီယံကြားတွင် ရှိကြသည်။[] အနာဂတ်တွင် ကြယ်တို့၏ ဆင့်ကဲ့ပြောင်းလဲမှုအား ရူပဗေဒဆိုင်ရာမေးခွန်းများထုတ်ရန် အလွန်ခက်ခဲသဖြင့် ကြယ်ဖြူပုတစ်စင်းသည် ကြယ်ပုနက်အဖြစ် ပြောင်းလဲရန် အချိန်မည်မျှကြာမည်ဆိုသည်အား ခန့်မှန်းရန် မလွယ်ကူလှပေ။ ဘယ်ရိုးနှင့် တယ်ပလာဆိုသူတို့ ခန့်မှန်းသည်မှာ ကြယ်ဖြူပုတစ်စင်းသည် ၅ ကီလိုကေလ်ဗင်အောက်သို့ အပူချိန်ရောက်ရှိရန် နှစ်ပေါင်း ၁ဝ၁၅ ကြာမည်ဟုဆိုသည်။[] ကြယ်ပုနက်များအား တွင်းနက်နယူထရွန်ကြယ်များနှင့် မရောထွေးပါနှင့်။

Remove ads

နေမင်း၏အနာဂတ်

နေသည် အချိန်ကြာလာသော် ကြယ်ဖြူပုမှတစ်ဆင့် ကြယ်ပုနက်အဖြစ် ပြောင်းလဲသွားပေးမည်။ နေအား မိမိတို့မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော်လည်း ဒြပ်ဆွဲအားကိုမူ တွေရှိရမည်ဖြစ်သည်။ နေသည် ကြယ်ပုနက်ဖြစ်ရန်မှာ နှစ်ပေါင်း ၁ ကွာဒရေလီယံ (၁ဝ၁၅) ဖြစ်သည်။

အခြားကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads