ပင်မ အစီအစဉ် အတွင်းရှိကြယ်

From Wikipedia, the free encyclopedia

ပင်မ အစီအစဉ် အတွင်းရှိကြယ်
Remove ads

ကြယ်တခု၏ ရေရှည်သက်တမ်းကာလ သို့မဟုတ် ပင်မအစီအစဉ် (main sequence) ဆိုသည်မှာ

Thumb
ဟတ်ဇပရန်း-ရပ်ဆဲလ်ပုံ သည် ကြယ်တို့၏ အမှန်တကယ် တောက်ပမှု သို့မဟုတ် ပကတိတောက်ပမှု ကို အရောင်အညွှန်းဖြင့် နှိုင်းယှဉ် ရေးဆွဲထားသည်။ ပင်မအစီအစဉ် ကို လက်ဝဲ အပေါ်ဘက်မှ လက်ယာအောက်ဘက်သို့ ဒေါင့်ဖြတ်ဆွဲထားသော ထင်ရှားသော လိုင်းအဖြစ် မြင်ရသည်။ ဤ ပုံသည် ဟစ်ပါးကော့ ကက်တလောက်မှ ကြယ်ပေါင်း ၂၂၀၀၀ နှင့် ဂလီရိစ် ကက်တလောက်မှ ပို၍ မှေးမှိန်သော ကြယ်ပုနီ နှင့် ကြယ်ဖြူပု ၁,၀၀၀ ကို ဖော်ပြထားသည်။

ဤ၂ခုက အကြမ်းဖျင်း ညီမျှနေလျက် ကြယ်က တည်ငြိမ်တောက်လောင်နေသည့် ကာလကြီး ဖြစ်သည်။

ဒြပ်ထု မကြီးလှသော ကြယ်များက ဤ ရေရှည်သက်တမ်းကာလမျိုး ပိုမို ရှည်ကြာကြာ ရှိတတ်သည်။ ဒြပ်ထု ကြီးလှသော ကြယ်များ၌မူ အဖြစ်အပျက်များမှာ ပြင်းထန်မြန်ဆန်လျက် ရေရှည်ကာလ သက်တမ်း ပိုတိုသည်။

ကြယ်၏ ရေရှည်သက်တမ်းကာလ ပြီးဆုံးလျှင် ကြယ်က ထုထည်အားဖြင့်လည်း မတည်ငြိမ်တော့ဘဲ ကြယ်ပွကြီး အဖြစ်သို့ စတင် ပြောင်းလဲသွားသည်။ ထို့နောက် အပြင်လွှာများ လွင့်စဉ်ကွာထွက်ကာ နျူကလီးယား ပေါင်းစည်းမှုလည်း ဆက်မရှိတော့ဘဲ ထိုနည်းဖြင့် စွမ်းအင်ဖြာထွက်ခြင်း (ကြယ်တခု၏ တောက်လောင်ခြင်း) ရပ်ဆိုင်းသွားသည်။ သို့ဖြင့် ကြယ်အဖြစ်မှာ ရပ်ဆိုင်းပြီး ကြယ်ကြွင်းအဖြစ်သို့ ရောက်ရှိသွားသည်။

ပင်မအစီအစဉ်ဆိုသည်မှာ ဟတ်ဇပရန်း-ရပ်ဆဲလ်ပုံ (Hertzsprung-Russell diagram) ပေါ်တွင် တဆက်တည်း ဖြစ်နေပြီး ပေါ်လွင်ထင်ရှားသော လမ်းကြောင်းပေါ်တွင် ရှိနေသော ကြယ်များကို ခေါ်သည်။ ထိုပုံမှာ ကြယ်တို့၏ အရောင်နှင့် တောက်ပမှု ကို နှိုင်းယှဉ်ရေးဆွဲထားသော ပုံဖြစ်သည်။ ထိုပုံကို တီထွင်သောသူ အေနာ ဟတ်ဇပရန်း နှင့် ဟင်နရီ နောရစ် ရပ်ဆဲလ် တို့၏ နာမည်ကို အစွဲပြု၍ ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ ထိုလမ်းကြောင်း ပေါ်တွင် ရှိနေသော ကြယ်များကို ပင်မ အစီအစဉ် အတွင်းရှိကြယ်များဟု ခေါ်ကြသည်။ နေသည် ပင်မ အစီစဉ် အတွင်းမှ တောက်လောင်နေသော ကြယ်တစ်စင်းပင် ဖြစ်သည်။[]

ကြယ်တို့ ဖြစ်ပေါ်ပြီးချိန်တွင် ၎င်းတို့၏ ပူလောင်သိပ်သည်းသည့် ဗဟိုထု အတွင်းမှ ဟိုက်ဒရိုဂျင် အက်တမ်များကို ဟီလီယမ် အဖြစ်သို့ နျူးကလီးယား ပေါင်းစပ်ခြင်း(Nuclear Fusion) နည်းအားဖြင့် ပြောင်းလဲခြင်းဖြင့် စွမ်းအင်များကို လွှတ်ထုတ်ကြသည်။ ကြယ်တို့သည် ထိုသို့သော အခြေအနေတွင် ပင်မ အစီအစဉ် အတွင်းတွင် ရှိနေကြပြီး ပုံပေါ်ရှိ ၎င်းတို့၏ နေရာကို ဒြပ်ထုက အဆုံးအဖြတ်ပေးသည်။ ဓာတုဗေဒ ဓာတ်ပေါင်းစပ်မှု အချိုးအစားနှင့် အခြားအချက်များကလည်း နေရာကို ဆုံးဖြတ်ရာတွင် ပါဝင်သည်။

ယေဘုယျအားဖြင့် နေထက် ပိုကြီးသောကြယ်များသည် ပင်မအစီစဉ်တွင် သက်တမ်းတိုတောင်းကြသည်။ နေထက် ဝ.၂၃ သေးငယ်သောကြယ်များသည် ကြယ်ဖြူပုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး နေထက် ဆယ်ဆပိုကြီးသောကြယ်များသည် ဧရာမ ကြယ်နီ အဆင့်သို့ ကူးပြောင်းကြသည်။ ပိုကြီးမားသောကြယ်များသည် ဆူပါနိုဗာအဖြစ် ပေါက်ကွဲနိုင်သည်၊ သို့မဟုတ် တွင်းနက်များအဖြစ် ပြိုလဲနိုင်သည်။[]

Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads