ကြယ်ပုဝါ

ကြယ်အမျိုးအစား ခွဲခြားခြင်း From Wikipedia, the free encyclopedia

ကြယ်ပုဝါ
Remove ads

ကြယ်ပုဝါ (အမျိုးအစား:G-V) သည် ပင်မ အစီအစဉ် အတွင်းရှိကြယ်အမျိုးအစားတစ်ခုဖြစ်သည်။ တောက်ပမှုသည် အဆင့် V စတီလာအမျိုးအစားမှာ G ရှိသောကြောင့် တခါတရံ G-V အမျိုးအစားဟု သုံးနှုန်းသည်။ ယင်းကြယ်မျိုးသည် နေထုထည် ၀.၈ မှ ၁.၂ အရွယ်အစားရှိပြီး မျက်နှာပြင်အပူချိန်မှာ ၃၃၀၀ နှင့် ၆၀၀၀ ကေလ်ဗင်ကြားတွင် တည်ရှိသည်။[] ယင်းကြယ်အမျိုးအစားများသည် ဟိုက်ဒရိုဂျင်အား ဟီလီယမ်အဖြစ်ပြောင်းလဲပေးပြီး နယူကလိယား ပေါင်းစပ်ခြင်းအား ဖြစ်ပေါ်စေသည်။[] နေသည် နေအဖွဲ့အစည်းတွင် ဒြပ်ဆွဲအားဖြင့် လွှမ်းခြုံထားကာ မြင်သာသောအရွယ်အစားမှာ အကြီးမားဆုံးပင်ဖြစ်သည်။ နေသည် ကြယ်ပုဝါအတွက် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပြီး အခြားသောကြယ်များမှာ အယ်လဖာ စင်တော့ရိအေ၊ တောင်း စင်သီ၊ ၅၁ ပီဂါဆီ တို့ဖြစ်ကြသည်။[][][]

Thumb
နေသည် ကြယ်ပုဝါအမျိုးအစားအတွက် ဥပမာတစ်ခုပင်ဖြစ်သည်။


ကြယ်ပုဝါဟု သုံးနှုန်းရခြင်းမှာ ပင်မအစီအစဉ်အတွင်းရှိကြယ်များထဲတွင် G အဆင့်ရှိကာ အနည်းငယ် အဝါရောင်သမ်းသောကြောင့် ဖြစ်သည်။[] နေသည် အမှန်တကယ်မှာမူ အဖြူရောင်ဖြစ်သည်။ သို့သော် ကမ္ဘာလေထုကြောင့် အဝါရောင်အဖြစ် မြင်ရသည်။ နေကဲ့သော တောက်ပသောကြယ်ပုဝါများသည် နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ၉၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ အခြားသော ကြယ်ပုနီကြယ်ဖြူပုတို့မူ ပိုမိုမှေးမှိန်ကြလေသည်။ G-type ကြယ်တို့သည် ဟိုက်ဒရိုဂျင်လောင်စာအား နှစ်ပေါင်း ၁ဝ ဘီလီယံနီးပါးခန့် လောင်ကျွမ်းစေကာ သက်တမ်းအား ကုန်လွန်စေသည်။ ထို့သို့ပြီးပါက ဧရာမ ကြယ်နီအဖြစ် ပြောင်းလဲသွားပေမည်။[] ယင်းကဲ့သို့ ဧရာမ ကြယ်နီကြီးမှ ဆက်လက်လောင်ကျွမ်းပြီးပါက ကြယ်ဖြူပုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။


Remove ads

အခြားကြည့်ရန်


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads