ကွမ်တမ်မက္ကင်းနစ်

From Wikipedia, the free encyclopedia

ကွမ်တမ်မက္ကင်းနစ်
Remove ads

ကွမ်တမ် မက္ကင်းနစ် (ခေါ်) ကွမ်တမ် သဘောယန္တရား (သို့) စမွှား သဘောယန္တရား (အင်္ဂလိပ်: Quantum Mechanics) ဆိုသည်မှာ - အက်တမ်၏ အရွယ်အစားထက် သေးငယ်သော တိုင်းဝန်းတာ(scale) အတွင်း၌၊ သို့မဟုတ် စမွှား(ကွမ်တမ်)လောကငယ် အဆင့်၌ သဘာဝ သဘောတရားတို့၏ လည်ပတ်ပုံသရုပ်ကို သင်္ချာ ရူပဗေဒနည်းနှင့် လေ့လာခြင်းတို့အဖို့ အခြေခံအုတ်မြစ် သီအိုရီများအားလုံးကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်၏။[] သို့ဖြင့် စမွှား ဓာတုဗေဒ (quantum chemistry)၊ စမွှား စက်ကွင်းသီအိုရီ (quantum field theory)၊ စမွှားသိပ္ပ (quantum technology) စသည့် စမွှား(ကွမ်တမ်) ပညာရပ် အသီးသီး၏ အုတ်မြစ်သဖွယ် ဖြစ်၏။
စမွှား(ကွမ်တမ်) သဘောယန္တရား၌၊ အက်တမ်နှင့် အက်တမ်အောက်အမှုန်များဖြစ်သည့် ဖှိုတွန်(အလင်းစွမ်းအင် စမွှား)အီလက်ထရွန် (လျှပ်စီး၏ စမွှား) စသည်တို့ကို လေ့လာသည်။ ရှေးရိုး ရူပဗေဒ (Classical Physics)နှင့် ကိုင်တွယ်ရှုမြင်သော နေ့တဓူဝသဘာဝ၌ အသေးဆုံး အရင်းခံအပိုင်းအစ ရှိဖွယ် မထင်တတ်သော တိုင်းဖွယ်အခြင်းအရာများ၊ သာဓကအားဖြင့် စွမ်းအင်ကို သေးငယ်လှသည့် တိုင်းဝန်းတာ တခုခု၌ စမွှားများအဖြစ် တွေ့ရသည်။ ထို့သို့ စမွှားထင်းမှု (being quantized) သဘောတရားမှာ (ရူပဗေဒပညာရှင် အမျိုးမျိုး၌ အကောက်အယူ အမျိုးမျိုး ကွဲပြားတတ်သော်လည်း တနည်းအားဖြင့်) ၅ ယူနစ်ယူသော စွမ်းအင် စမွှားဖြစ်မှုကို သာဓက စဉ်းစားလျှင် ၀ ယူနစ်၊ ၅ ယူနစ်၊ ၁၀ ယူနစ်၊ ၁၅ ယူနစ် စသော စွမ်းအင်ပမာဏနှင့် လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပေါ်လျက် ၄ ယူနစ်၊ ၇ ယူနစ်၊ ၁၂ ယူနစ် စသော စမွှားပြည့်မကျသည့် စွမ်းအင်ပမာဏနှင့် လှိုင်းများ မဖြစ်ပေါ်နိုင် ဟု ဆိုလိုသည်မျိုး ဖြစ်၏။ သို့ဖြင့် စမွှား(ကွမ်တမ်) ထင်းလောက်သည့် သေးငယ်တိုင်းဝန်းတာအတွင်း၌ တိုင်းဖွယ်အခြင်းအရာ အလျှိုလျှို၏ ပမာဏတည်ရှိနိုင်မှု ပုံစံ စမွှား-အထစ်ထစ်သည် ပလန့်ကိန်းသေ (Planck's constant) ၏ ဆတိုးကိန်းပြည့်တို့နှင့် မြှောက်လဒ်များဖြင့် ဖြစ်ပေါ်၏။ အက်တမ်အောက် အမှုန်လောက၊ ဤ ကွမ်တမ်(စမွှား) လောကတွင် စွမ်းအင်များ ဖလှယ်ရန် ထုတ်လွှတ်သည့်အခါ ပမာဏမျိုးစုံနှင့် မထုတ်လုပ်ကြဘဲ၊ အရင်းခံအနမွှား (ကွမ်တမ်) သတ်မှတ်ချက်ကိုယ်စီသဖွယ် ရှိကြကာ၊ ထိုပမာဏပြည့်တို့ပင် အလီလီပွားလျက် စုဖွဲ့နိုင်လောက်သည့် ပမာဏများသာ အလျှိုလျှို ထုတ်လွှတ်ကြ၏။ ပလိန့်ကိန်းသေ၏ ဆတိုးအပြည့်ကိန်းဖြစ်သော ပမာဏများသာ ထုတ်လွှတ်ကြ၏။ ထို့ကြောင့် စမွှား သဘောယန္တရား (Quantum Mechanics) ဟု ခေါ်ဆိုနိုင်သည်။ ဤသဘောတရားသည် ရှေးရိုးရူပဗေဒ သဘောတရားဖြင့် မည်သို့မှ ရှင်းမပြနိုင်သည့် ကိစ္စမျိုး ဖြစ်တော့သည်။

Thumb
ရှေးရိုးရူပဗေဒနှင့် ကွမ်တမ်သဘောအရ အမှုန်တစ်ခု ယိမ်းလွှဲတည်ရုံပုံတို့ မတူညီခြင်းကို သရုပ်ပြသည်။ အပေါ်ဆုံး၂ပုံ (A နှင့် B) က ရှေးရိုးရူပဗေဒအတိုင်း၊ လူ့စိတ်စွဲတွေးရိုး (common sense) အတိုင်း ဖြစ်သည်။ ကျန်ပုံများမှာ ကွမ်တမ်သဘောယန္တရားအရ ဖြစ်ပြီး လှိုင်းသဖွယ်သာ သင်္ချာပြယုဂ်ထွက်သည်။ အနီမျဉ်းတို့ဖြင့် ပြထားသည်မှာ ထိုသင်္ချာဖန်ရှင် လှိုင်းသရုပ် (wavefucntion) ၏ ကိန်းစစ်တန်ဖိုး ဖြစ်ပြီး အပြာဖြင့် ပြထားသည်မှာ ကိန်းတေး (imaginary) တန်ဖိုး ဖြစ်သည်။

အလင်းစုံပြန်ဝတ္ထုမှ စွမ်းအင်ဖြာနေခြင်း (black-body radiation) ပုစ္ဆာအပေါ် မက်စ် ပလန့် (Max Plank) ၏ ၁၉၀၀ ခုနှစ်က ဖြေရှင်းချက်နှင့် အလင်းမှလျှပ်စစ် သဘောတရား (photoelectric effect) အကြောင်း အဲလ်ဘတ် အိုင်းစတိုင်း၏ ၁၉၀၅ ခုနှစ်က စမွှားသဘောသုံး ဖြေရှင်းချက်တို့မှ စတင်၍ ဤ ကွမ်တမ်(စမွှား) သဘောယန္တရား သီအိုရီအသိုက်အုံလည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။

ကွမ်တမ်မက္ကင်းနစ် ဆိုင်ရာ သီအိုရီများကို အသုံးပြုသည့် ထင်ရှားသော ကိစ္စရပ်များမှာ စူပါလျှပ်ကူးသံလိုက်အလင်းလွှတ်ဒိုင်အုတ်နှင့် လေဆာအလင်း၊ ထရန်စစ်စတာနှင့် တပိုင်းလျှပ်ကူးပစ္စည်းများဖြစ်သည့် မိုက်ကရိုပရောဆက်ဆာ၊ ဆေးရုံများတွင် အသုံးပြုသည့် MRI ဓာတ်မှန်စက် စသည်တို့ ဖြစ်သည်။

Remove ads

ဆက်စပ် ကြည့်ရှုဖွယ်

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads