ချင်းတိုးတက်ရေးပါတီ
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
ချင်းတိုးတက်ရေးပါတီ (အင်္ဂလိပ်: Chin Progressive Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခု ဖြစ်သည်။ ချင်းတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် အဖွဲ့ဝင် ၂၂ ဦးဖြင့် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

Remove ads
ပါတီမှတ်ပုံတင်ခြင်း
ချင်းတိုးတက်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၆၆/၂၀၁၀ အရ ၂၀၁၀ ခုနှစ်၊ ဇွန် ၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၂၆ ဖြစ်သည်။[၂]
အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ ခုနှစ်
ချင်းတိုးတက်ရေးပါတီသည် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။
ချင်းပါတီများ ပေါင်းစည်းခြင်း
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမည်ဖြင့် အသစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၃][၄][၅]
ပါတီပယ်ဖျက်ခြင်း
ချင်းပြည်နယ်ရှိ ချင်းပါတီ (၃) ခုပေါင်းစည်းပြီး ပါတီအသစ် တည်ထောင်မှုကြောင့် ပါတီကို ပယ်ဖျက်ရန် လျှောက်ခဲ့ပြီး၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၂၅ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၉/၂၀၁၉ အားဖြင့် ၂၀၁၉ ဇူလိုင် ၁၁ ရက်တွင် ပယ်ဖျက်ခဲ့သည်။ [၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads