ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

မြန်မာနိုင်ငံ​ရေးပါတီ From Wikipedia, the free encyclopedia

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
Remove ads

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Chin National League for Democracy Party; အတိုကောက် CNLD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ဟောင်း တစ်ခုဖြစ်သည်။

အချက်တိုများ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ, အင်္ဂလိပ် အမည် ...
Remove ads

သမိုင်းကြောင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် နဝတအစိုးရမှ အာဏာမလွှဲပဲ အမျိုးသားညီလာခံ ကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖျက်သိမ်းခံခဲ့ရသည်။[]

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့သည်။[][][]

Remove ads

ပါတီမှတ်ပုံတင်ခြင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၈/၂၀၁၉ အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၁၁၆ ဖြစ်သည်။[]

ရွေးကောက်ပွဲ၊ ၂၀၂၀ ခုနှစ်

၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် CNLD သည် ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၆ နေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။ [] သို့ရာတွင် မဲဆန္ဒနယ်တစ်ခုတွင်သာ အောင်မြင်နိုင်ခဲ့ပြီး၊ ဟားခါးမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးရှန်မန်းသာ ချင်းပြည်နယ်လွှတ်တော်အတွင်း ဝင်ရောက်နိုင်ခဲ့သည်။[]

ပယ်ဖျက်ခြင်း

CNLD ပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်ကြောင်း ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောကြားခဲ့သည်။[]

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads