ဂါလာပါဂိုးကျွန်းများ

From Wikipedia, the free encyclopedia

ဂါလာပါဂိုးကျွန်းများ
Remove ads

ဂါလာပါဂိုးကျွန်းများ (အင်္ဂလိပ်: Galápagos Islands) သည် ပစိဖိတ်သမုဒ္ဒရာအတွင်း အီကွေတာ အနီးတွင် ပြန့်ကျဲနေသော မီးတောင် ကျွန်းစုများ ဖြစ်ကြသည်။ အီကွေဒေါ ကုန်းမကြီးမှ ၅၂၅ မိုင် (၉၇၂ ကီလိုမီတာ ) အကွာတွင် ရှိပြီး အီကွေဒေါနိုင်ငံ နယ်နိမိတ်အတွင်းတွင် ရှိသည်။

အချက်တိုများ ပထဝီဝင်, တည်နေရာ ...

ဂါလာပါဂိုးကျွန်းများနှင့် ပတ်လည် ရေပြင်တို့မှာ အီကွေဒေါနိုင်ငံ၏ တစိတ်တဒေသ အမျိုးသား ဥယျာဉ်တစ်ခု အဖြစ်နှင့် သာမက အဏ္ဏဝါဇီဝ ထိန်းသိမ်းစောင့်ရှောက်ရာ ဌာန တစ်ခု အဖြစ်လည်း ရှိသည်။ ထိုကျွန်းများတွင် အဓိက သုံးကြသော ဘာသာစကားမှာ စပိန်ဘာသာစကားဖြစ်ပြီး လူဦးရေမှာ ခန့်မှန်းခြေအားဖြင့် ၂၃,၀၀၀ ခန့် ရှိသည်။

ထိုကျွန်းများသည် ပထဝီအနေအထားအားဖြင့် အလွန်သက်တမ်းနုကြပြီး ထိုကျွန်းနေရာတွင် သီးသန့်ရှိသော အပင်နှင့် သတ္တဝါ အမျိုးအစား အများအပြားတို့ကြောင့် ထင်ရှားကျော်ကြားသည်။ ၎င်းတို့ကို ချားလ်စ်ဒါဝင် က ဘီဂယ်လ် သင်္ဘောဖြင့် ခရီးသွားနေသည့် အချိန်တွင် လေ့လာစူးစမ်းခဲ့သည်။ သူ၏ လေ့လာတွေ့ရှိမှုနှင့် စုဆောင်းမှုများက ဒါဝင်၏ သဘာဝအတိုင်း ရွေးချယ်မှုကြောင့် ဖြစ်လာသော ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် သီအိုရီကို ဖော်ထုတ်ရာတွင် အထောက်အကူ ပေးခဲ့သည်။

ထိုကျွန်းသို့သွားရာ ရေပုံ အကြမ်းကို ၁၆၈၄ ခုနှစ်တွင် ပင်လယ် တိုက်ခိုက်ရေးသမား အမ်ဘရို့စ် ကောင်လေက ရေးဆွဲခဲ့သည်။ သူက ကျွန်းတစ်ကျွန်းစီကို သူနှင့် အတူ ပါလာသည့် ပင်လယ်တိုက်ခိုက်ရေးသမားများ၏ အမည်နှင့် သူတို့အား ကူညီသော အင်္ဂလိပ် သူကောင်းမျိုးတို့၏ အမည်များကို ပေးခဲ့သည်။ လတ်တလောအားဖြင့် အီကွေဒေါ အစိုးရက ကျွန်းအားလုံးကို စပိန်အမည်ဖြင့် မှည့်ခေါ်ခဲ့သည်။ စပိန်အမည်များသည် တရားဝင်ဖြစ်သော်လည်း သုတေသနသမား အများအပြားမှာ ချားလ်ဒါဝင် လေ့လာရေး ရောက်ရှိခဲ့စဉ်က အမည်များကို ဆက်လက် အသုံးပြုကြဆဲပင် ဖြစ်သည်။


Remove ads

တွေ့ရှိရသော သတ္တဝါများ

  1. Frigate Birds (ဖရိုက်ဂိတ်ငှက်)‌
  2. Galapagos Gull (ပါလာဂိုးစ် ဇင်ယော်ဖျံ)‌
  3. Giant Tortoise (ရှားပါးဧရာမလိပ်ကြီး)‌
  4. Land Iguana (ကုန်းဖွတ်)‌
  5. Marine Iguana (ပင်လယ်ပျော် ရေဖွတ်)‌
  6. Galapagos Sea Lions (ပါလာဂိုးစ် ဖျံများ)‌
  7. Sally Lightfoot Crab (ဂဏာန်းဆယ်လီ)‌
  8. Cormorant (အတောင်များတို၍ မပျံနိုင်သောငှက်)‌
  9. Blue Footed Boobies (အပြာရောင်ခြေထောက်များနှင့် ငှက်)‌
  10. Brown Pelican (ပယ်လီယန်ငှက်မျိုးစိတ်)‌
  11. Flamingo (ကြိုးကြာနီ)‌
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads