ကမ္ဘာ့အမွေအနှစ် ကော်မတီ
From Wikipedia, the free encyclopedia
Remove ads
ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းကို ရွေးချယ်သတ်မှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ကော်မတီသည် ကမ္ဘာ့အမွေအနှစ် ညီလာခံ ပြုလုပ်ခြင်း၊ ရန်ပုံငွေသုံးစွဲမှု စီမံခန့်ခွဲခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုမှုများအရ ဘဏ္ဍာရေးအကူအညီများ ခွဲဝေသတ်မှတ်ခြင်း စသည်တို့ကို ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး[၁] လေးနှစ်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံမှ ရွေးချယ်သည်။[၂]

ကမ္ဘာ့အမွေအနှစ် ညီလာခံအရ ကော်မတီအဖွဲ့ဝင်နိုင်ငံတစ်ခု၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံအများစုမှာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆန္ဒအလျောက် လေးနှစ်အဖြစ် ပါဝင်ရွေးချယ်ကြသည်။[၂] ၁၅ ကြိမ်မြောက် အထွေထွေညီလာခံ (၂၀၀၅) တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ကော်မတီအဖွဲ့ဝင်သက်တမ်းကို ခြောက်နှစ်မှ လေးနှစ်သို့ လျော့ချရန် ဆုံးဖြတ်ခဲ့သည်။[၂]
Remove ads
အစည်းအဝေးများ
ကမ္ဘာ့အမွေအနှစ် ကော်မတီသည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ရှိနှင့်ပြီးသော ကမ္ဘာ့အမွေအနှစ်နေရာများ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံများမှ တင်သွင်းသော စာရင်းကို ရွေးချယ်သတ်မှတ်ခြင်းတို့ကို ပြုလုပ်သည်။[၂]
Remove ads
အဖွဲ့ဝင်များ
ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ အဖွဲ့ဝင်နိုင်ငံများ
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads