ငှက်ကြီးတောင်ဦးချို အိုးရဇ်ဆိတ်

From Wikipedia, the free encyclopedia

ငှက်ကြီးတောင်ဦးချို အိုးရဇ်ဆိတ်
Remove ads

အဆိုပါ ငှက်ကြီးတောင်ဦးချို အိုးရဇ်ဆိတ် (အင်္ဂလိပ်: Scimitar Oryx (သို့) Scimitar horned-Oryx) သည် အိုးရဇ်တောဆိတ် (Oryx) တစ်မျိုးဖြစ်ပြီး ဒေသရင်းနယ်မြေတွင်မျိုးသုဉ်းသွားသော တိရစ္ဆာန်လည်းဖြစ်သည်။ ထို့ကြောင့် ၎င်းတောဆိတ်များကို တိရစ္ဆာန်ရုံများ၊ တောရိုင်းသဘာဝဥယျာဉ်ကြီးများနှင့် ထိန်းသိမ်းရေးနယ်မြေများတွင်သာ တွေ့မြင်နိုင်သည်။ သူတို့သည် ယခင်က အာဖရိကတိုက် မြောက်ပိုင်းဒေသ တစ်ခွင်လုံးတွင် နေထိုင်ကျက်စားခဲ့ကြဖူးသည်။ ငှက်ကြီးတောင် အိုးရဇ်များသည် အထီးတွင်ရော အမတွင်ပါ ဦးချိုပေါက်ကြပြီး ၎င်းဦးချိုများ၏ ပုံစံမှာ ငှက်ကြီးတောင်ဓား (Scimitar) ကဲ့သို့ ရှည်လျားကွေးညွှတ်သွားသော ပုံစံမျိုးရှိနေသဖြင့် အဆိုပါအမည် မှည့်ခေါ်ထားခြင်းဖြစ်သည်။

အချက်တိုများ ငှက်ကြီးတောင်ဦးချို အိုးရဇ်ဆိတ် (အင်္ဂလိပ်: Scimitar Oryx), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...

အိုးရဇ်ဆိတ်များသည် အပင်စားသတ္တဝါများဖြစ်ကြပြီး အလင်းရောင်ရှိချိန်သာ သွားလာလှုပ်ရှားသော နေ့ သတ္တဝါ ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်သည် အခြားသော အိုးရဇ်ဆိတ်များနှင့် အတူအတူပင်ဖြစ်သည်။ ထူးခြားသည်မှာ ငှက်ကြီးတောင် အိုးရဇ်များတွင် အနက်ရောင်တစ်ကောင်မှမရှိခြင်းဖြစ်ပြီး အိုးရဇ်များထဲတွင် အနက်ရောင်မရှိသော တစ်ခုတည်းသော မျိုးစိတ်လည်းဖြစ်သည်။

ထိုကဲ့သို့ အိုးရဇ်များအကြားတွင် ထူးခြားလှပသည့် မျိုးစိတ်ဖြစ်သော်လည်း ဒေသရင်းနယ်မြေတွင် ကိုယ်တိုင်ရပ်တည် ရှင်သန်နိုင်ခြင်းမရှိတော့သည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။

Remove ads

နောက်ထပ်ကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads