စန္ဒာ (ရုပ်ရှင်သရုပ်ဆောင်)

မြန်မာမင်းသမီး From Wikipedia, the free encyclopedia

Remove ads

စန္ဒာ (၂၂ မတ် ၁၉၄၉–၂၃ ဒီဇင်ဘာ ၂၀၀၆) သည် မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ စန္ဒာကို ၂၂ မတ် ၁၉၄၉ တွင် ရန်ကုန်မြို့၌ ဦးမြမောင်၊ ဒေါ်မာလာမြင့်တို့က ဖွားမြင်ပြီး၊ ငယ်မည် စာဥ ဖြစ်ပြီး မွေးချင်းများအနက် ‌စတုတ္ထမြောက် ဖြစ်သည်။ ဒေါ်ခင်ဦးမော်၊ ဒေါ်ဝင်းမာ၊ တိုးညွန့် (ရွှေဂေါင်းပြောင်)၊ စန္ဒာနှင့် ဦးမြဇော်(ဖူဂျီ)တို့သည် မွေးချင်းများ ဖြစ်သည်။

အချက်တိုများ စန္ဒာ, မွေးဖွား ...
Remove ads

အနုပညာလှုပ်ရှားမှု

ငယ်စဉ်ကပင် ရုပ်ရှင်ဇာတ်ကားအချို့၌ ပါဝင်သရုပ်ဆောင်သည်။ ရတနာပုံ (၁၉၅၃)၊ ဖိုးပြုံးချို (၁၉၅၅) စသည့် ဇာတ်ကားများတွင် အစ်မဖြစ်သူ ဝင်းမာ၏ ငယ်ဘဝ သရုပ်ဆောင်သည်။ နောက် အကျော်အမော်နှောင်းသစ္စာစွဲတဲ့ မေတ္တာမေတ္တာရွှေရည်မင်းထင်ရွှေမှန် စသည့် ဇာတ်ကားများတွင် ကလေး သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

ထိုစဉ်က စိန့်ဖလိုမီနာ (အ.ထ.က(၂)စမ်းချောင်း) တွင် ပညာသင်ယူရင်း သရုပ်ဆောင်အလုပ် တဖက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၁၉၆၇ တွင် ဒါရိုက်တာ ဦးတင်မောင်၏ မြဇော်ဖလင်းအတွက် ရိုက်ကူးသည့် နှစ်မွှာအသည်း ဇာတ်ကား၌ စန္ဒာအမည်ဖြင့် အဓိကဇာတ်ဆောင်နေရာမှ နှစ်ကိုယ်ခွဲအသွင် ပါဝင်ရပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရသည်။ နှစ်မွှာအသည်းသည် ဒါရိုက်တာဆုနှင့် ဓာတ်ပုံဆုများလည်း ရသည်။ ယင်းဇာတ်ကားတွင် စန္ဒာက ဆံပင်တိုဖြင့် ယောက်ျားလေးပုံစံအတိုင်း သရုပ်ဆောင်မှုများ ရှိရာ ထိုခေတ်ကာလ မိန်းကလေးငယ်များ စန္ဒာဆံပင် လိုက်ထားကြသည်အထိ လွှမ်းမိုးသည်။

မေတ္တာ ဇာတ်လမ်းမှ စ၍ သရုပ်ဆောင် ကျော်ဟိန်းနှင့် တွဲဖက် သရုပ်ဆောင်ပြီး မေတ္တာမျှ အကြောင်းပါသည်။

တချက်ခုတ် နှစ်ချက်ပြတ်ဖူးစာလမ်းဆုံအရွယ်ရိုင်း စသည့် ဇာတ်ကားအများအပြားတွင် ပါဝင်သရုပ်ဆောင်သည်။ ကျော်ဟိန်းနှင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ပြီးနောက် လမ်းခွဲခဲ့ရာ နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်မှု နည်းသွားသည်။ ရုပ်ရှင်လောကမှ အချိန် အတန်ကြာ ပျောက်ကွယ် ပြီးနောက် အစ်ကိုဖြစ်သူ တိုးညွန့်၏ ရွှေဂေါင်းပြောင် ဇာတ်ကားတွင် မင်းသား ဝင်းလှိုင်နှင့် တွဲဖက် ပြန်လည် သရုပ်ဆောင်သည်။ ရူပမာလာတွင်လည်း သမန်းကျားကိုမြင့်နှင့် တွဲဖက် သရုပ်ဆောင်သည်။ နောက်ပိုင်း မင်းသားဇော်လင်းနှင့် ‌အိမ်ထောင်ပြုပြီး သရုပ်ဆောင်အဖြစ်မှ အနားယူသည်။ ဒါရိုက်တာ မောင်နှင်းမိုး၏ မယ်သီတာလို မိန်းကလေး ဆေးရောင်စုံ ဇာတ်ကားတွင် ရန်အောင်မို့မို့မြင့်အောင်တို့နှင့်အတူ အစ်မကြီး နေရာမှ နောက်ဆုံး သရုပ်ဆောင်ခဲ့သည်။

Remove ads

ကွယ်လွန်ခြင်း

စန္ဒာအမည်ဖြင့် ငယ်စဉ်ဘဝကပင် ပြည်သူအများ ချစ်ခင်ခြင်းကို ခံရသော ဒေါ်စန်းစန်းရှင်သည် အသက် ၅၈ အရွယ် ၂၃ ဒီဇင်ဘာ ၂၀၀၆ တွင် ကွယ်လွန်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads