စပါးကြီးမြွေ

စပါးကြီးအသည်းခြေရဲ့ အသုံးဝင်ပုံ From Wikipedia, the free encyclopedia

စပါးကြီးမြွေ
Remove ads

စပါးကြီးမြွေသည် ၁ဝ ပေမှ ပေ ၂ဝ အထိရှည်၍ တစ်ခါ တစ်ရံ ပေ ၃ဝ မျှပင် ရှည်တတ်သည်။ စပါးကြီးမြွေ၌ အဆိပ် မရှိချေ။ သို့ရာတွင် သမင်စသော သတ္တဝါများကို မိမိ၏ကိုယ်ဖြင့် ရစ်ပတ်ကာဖျစ်ညှစ်ဆွဲဆန့် သတ်ဖြတ်ပြီးနောက် အကောင်လိုက် မျိုချတတ်သည်။ စပါးကြီးမြွေများကို အာရှ၊ အာဖရိက နှင့် ဩစတြေးလျတိုက်များရှိ အပူပိုင်းဒေသများ၌ တွေ့ရ သည်။ အရောင်မှာ အဝါ၊အညို၊အမည်းတို့တွင် မှန်ကူကွက်များ ကဲ့သို့ အကွက်များဖြစ်နေရာ ယင်းကို သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်ရိပ်များအကြားတွင် လွယ်ကူစွာ မြင်နိုင်ရန် ခဲယဉ်း သည်။ ရေတိမ်ရာဗွက်တောများ၌ အနေများသည်။ ရေကူး၊ သစ်ပင်တက် ကျင်လျင်သည်။

အချက်တိုများ စပါးကြီးမြွေ Temporal range: Pleistocene ခေတ်မှ လက်ရှိ, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...

စပါးကြီးမြွေသည် တဖြည်းဖြည်းကြီးသော မြွေမျိုးဖြစ်သည်။ အသက်ရှည်ရှည်နေသည်။ မြွေမသည် ဥအလုံးတစ်ရာ နီးပါးမျှ အုတတ်၍ ဥမှ အကောင်ကလေးများ ပေါက်သည့်တိုင်အောင် မည်သည့်နေရာသို့ မသွားဘဲ ဥများကို ရစ်ပတ်၍ စောင့်ရှောက် နေတတ်သည်။ ထိုသို့ဝပ်နေသော အချိန်တွင် မြွေမသည် အစာ မစားချေ။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads