စာကလေးနှင့် အလားတူငှက်များ
ငှက်မျိုးစဉ် From Wikipedia, the free encyclopedia
Remove ads
စာကလေးနှင့် အလားတူငှက်များ[မှတ်စု ၁] (အင်္ဂလိပ်: Passerine) သည် ငှက်မျိုးစဉ်ပေါင်း (Order) ၂၇ ခုရှိသည်အနက် မျိုးစဉ် Passeriformes (/ˈpæsərɪfɔːrmiːz/) ၏ မည်သည့်ငှက်ကိုမဆို ခေါ်ဆိုသည်။ ယင်းမျိုးစဉ်တွင် ငှက်မျိုးစိတ် (Species) အားလုံး၏ ထက်ဝက်မက ပါဝင်သည်။ တခါတရံတွင် တေးသီငှက်များ (Songbird) ဟုသိကြပြီး စာကလေးနှင့် အလားတူငှက်များသည် အခြားမျိုးစဉ်များနှင့် ကွဲပြားရန် ယင်းတို့၏ခြေထောက်ဖွဲ့စည်းပုံဖြင့် (ခြေချောင်း ၃ ခုသည် ရှေ့ဘက်သို့ ထိုးထွက်နေပြီး ၁ ချောင်းမှာ နောက်ဘက်သို့ ထိုးထွက်နေသောပုံစံ) သတ်မှတ်ပိုင်းခြားသည်။
မျိုးရင်း (Family) ၁၄၀ ကျော်နှင့် မျိုးစိတ်ပေါင်း ၆၅၀၀ ရှိသော[၁] စာကလေးနှင့် အလားတူငှက်များသည် အကြီးဆုံး ငှက်မျိုးစဉ်ဖြစ်ပြီး ငှက်အားလုံး၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။[၂][၃] စာကလေးနှင့် အလားတူငှက်များကို Acanthisitti (New Zealand wrens), Tyranni (suboscines) နှင့် Passeri (oscines) ဟူ၍ မျိုးစဉ်ခွဲ ၃ ခု ထပ်မံခွဲသည်။ [၄] "passerine" နှင့် "Passeriformes" ဟူသောအမည်သည် အိမ်စာကလေး (Passer domesticus) ၏ သိပ္ပံအမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ လက်တင်ဘာသာဖြင့် passer ဆိုသည်မှာ စာကလေးနှင့် အလားတူငှက်ကလေးများကို ရည်ညွှန်းသည်။
Remove ads
မှတ်စု
- ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads