စောမောင် (ဗိုလ်ချုပ်မှူးကြီး)

From Wikipedia, the free encyclopedia

စောမောင် (ဗိုလ်ချုပ်မှူးကြီး)
Remove ads

ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံတော်သမ္မတ ​​ဒေါက်တာ​မောင်​မောင် ထံမှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရုတ်တရက် အနားယူခဲ့သည်။

အချက်တိုများ
Remove ads

ငယ်စဉ်ဘဝနှင့်လုပ်ငန်း

ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ၁၉၂၈ ခုနှစ် မေလ ၁၂ ရက်တွင် ဗြတိသျှ ဘားမားမန္တလေးမြို့ ၌ ဖွားမြင်ခဲ့သည်။[] ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တပ်မတော်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ၁၉၅၂ တွင် စတင်၍တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅-၇၆ တွင် ထိုင်းနယ်စပ်ရှိသူပုန်များကို တိုက်ခိုက်ခဲ့သည်။ သူသည် အောက်ပါရာထူးများကို အဆင့်ဆင့်ရရှိခဲ့သည်။

  • တပ်ရင်းမှူး
  • စစ်ဦးစီးမှူး(ပထမတန်း)
  • စစ်ဗျူဟာမှူး
  • တပ်မမှူး
  • တိုင်းမှူး
  • စစ်ရေးချုပ်
  • ပါတီဗဟိုကော်မတီဝင်
  • ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ( ယခုအခေါ်အဝေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် - ကြည်း )
  • ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
  • ကာကွယ်ရေးဦးစီးချုပ် (ယခုအခေါ်အဝေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး

၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။[]

Remove ads

နိုင်ငံ့ခေါင်းဆောင်ကာလ

ဗိုလ်ချုပ်မှူးကြီးစောမောင် သည် ၁၉၈၈ တွင် အစိုးရအဖွဲ့အစည်းဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်ထံမှ အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့်လည်း ဆောင်ရွက်ခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူဖြစ်သောကြောင့် သူ၏လက်ထက်တွင် သူ၏အမိန့်ဖြင့်ပြုလုပ်ခဲ့ရသော ဗုဒ္ဓသာသနာတော်သန့်ရှင်းရေးလုပ်ငန်းအတွက် ကြီးစွာသော စိတ်သောကဝေဒနာကို ခံစားခဲ့ရသည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲတွင် အနိုင်ရပါတီကို အာဏာလွှဲမည်ဖြစ်ကြောင်းနှင့် အာဏာလွှဲပြီးပါက စစ်တန်းလျားပြန်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထို့ကြောင့် ၁၉၉၀ တွင် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ဦးစည်း၍ ပါတီစုံရွေးကောက်ပွဲကြီးကို ကျင်းပခဲ့သည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်းပေးရန် အခြားဗိုလ်ချုပ်များက သဘောမတူခဲ့ပေ။

၁၉၉၂ တွင် ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နဝတအစိုးရအဖွဲ့မှ ကျန်းမာ‌ရေးအကြောင်းပြချက်ဖြင့် ရုတ်တရက် အနားယူခဲ့သည်။[][] အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား အာဏာလွှဲပြောင်းပေးရန် အခြားထိပ်တန်း ဗိုလ်ချုပ်ကြီးများက လက်မခံလိုခဲ့ပေ။ သို့ဖြစ်ရာ ထိုစဉ်က ဗိုလ်ချုပ်ကြီး သန်းရွှေအပါအဝင် အခြားသောဗိုလ်ချုပ်များသည် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို လျှို့ဝှက်ဖြုတ်ချရန် စီစဉ်ခဲ့ကြသည်။ ထိုသို့လုပ်ကြံခံရမှုကြောင့် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ စိတ်ကျန်းမာရေးမှာလည်း ဆိုးရွားလာခဲ့လေသည်။[]

Remove ads

မိသားစုဘဝနှင့်နောက်ဆုံးခရီး

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည့် ဒေါ်အေးရီသည် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ဇနီးဖြစ်ပြီး၊ သား နှစ်ယောက် သမီးတစ်ယောက်နှင့် မြေးသုံးယောက်ထွန်းကားသည်။ ဦးစောမောင်သည် ဂေါက်သီးရိုက်ခြင်းဝါသနာပါပြီး၊ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူတစ်ဦးလည်းဖြစ်သည်။ သူသည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၄ တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads