မြန်မာ့တပ်မတော်၏အမြင့်ဆုံးရာထူး From Wikipedia, the free encyclopedia
ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) အဆင့်သည် မြန်မာ့တပ်မတော်၏ သတ်မှတ်ထားသော အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သည်။ အနောက်တိုင်းအသုံးအနှုန်းတွင် ဖီးမာရှယ် (Field Marshal) သို့မဟုတ် "General of the Army" အဆင့်နှင့် တူညီသည်။ တစ်နည်းအားဖြင့် နေတိုးအဖွဲ့၏ အဆင့်စကေးအရ OF-10 အဆင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးခန့်အပ်သည့် ရာထူးတာဝန်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ရရှိသောအဆင့်ဖြစ်သည်။ ထူးခြားစွာဖြင့် ထိုရာထူး၏ဒုတိယအဆင့်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။
ဗိုလ်ချုပ်မှူးကြီး Senior General | |
---|---|
ဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်ဖွဲ့ | တပ်မတော် (ကြည်း) |
အတိုကောက် | ဗခမက၊ Sr Gen |
ရာထူးအုပ်စု | ခေါင်းဆောင်ပိုင်းအရာရှိ |
အဆင့်အတန်း | ကြယ်ငါးပွင့်အဆင့် |
နေတိုး အဆင့်အတန်းကုဒ် | OF-10 |
နေတိုးမဟုတ်သော အဆင့်အတန်း | ကြယ်ငါးပွင့်အဆင့် |
ဖန်တီး | ၁၈ မတ် ၁၉၉၀ |
အောက်အဆင့်ရာထူး | ဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး |
ဗိုလ်ချုပ်မှူးကြီးရာထူးသည် တပ်မတော် (ကြည်း) ၌သာရှိသော်လည်း ထိုရာထူးကိုရရှိသောသူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသည့်အလျောက် ကြည်း၊ ရေ၊ လေ ယူနီဖောင်းသုံးမျိုးစလုံးကို ဝတ်ဆင်နိုင်သည်။[1][2]
၁၉၉၀ ပြည့်နှစ် တွင် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာတွင် ရာထူးတာဝန်များပြင်ဆင်ဖွဲ့စည်းရာ ၁၉၉၀ မတ်လ ၁၈ ရက်နေ့တွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် မိမိကိုယ်ကို ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။[6] ထို့ကြောင့်သူသည် ဗိုလ်ချုပ်မှူးကြီးရာထူးရယူခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
စဉ် | ဓာတ်ပုံ | အမည် | စတင်ရက် | ပြီးဆုံးရက် | မှတ်ချက် |
---|---|---|---|---|---|
၁ | ဗိုလ်ချုပ်မှူးကြီး စောမောင် | ၁၈ မတ် ၁၉၉၀ [6] | ၂၄ ဧပြီ ၁၉၉၂ [7] | ကျန်းမာရေးကြောင့်အနားယူခဲ့ရသည်။ | |
၂ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ | ၂၃ ဧပြီ ၁၉၉၃ [7] | ၃၀ မတ် ၂၀၁၁ [7] | ||
၃ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | မတ် ၂၀၁၃[8] | လက်ရှိ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။ |
ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General) သည် ဗိုလ်ချုပ်ကြီးနှင့်ဗိုလ်ချုပ်မှူးကြီး အဆင့်တို့ကြား၌ဖြစ်၍ မြန်မာ့တပ်မတော်၌သာ ရှိသောရာထူးအသစ်ဖြစ်သည်။ လက်ရှိတပ်မတော်တွင်ထိုရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်တို့ကို ပူးတွဲတာဝန်ယူသောသူများကရရှိသည်။ ခြွင်းချက်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခါစအချိန်တွင် ဗိုလ်ချုပ်ကြီး အဆင့်သာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်များ ရယူခဲ့သည်။
စဉ် | ဓာတ်ပုံ | အမည် | စတင်ရက် | ပြီးဆုံးရက် | မှတ်ချက် |
---|---|---|---|---|---|
၁ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး | ၂၀၀၂ | ၃၀ မတ် ၂၀၁၁ | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။ | |
၂ | ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | မတ် ၂၀၁၂[9] | မတ် ၂၀၁၃[8][10] | နောင်တွင်ဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။ | |
၃ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | မတ် ၂၀၁၃ | လက်ရှိ | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.