ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန

From Wikipedia, the free encyclopedia

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန
Remove ads

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (အင်္ဂလိပ်: Post and Telecomunications Department) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် စာတိုက်လုပ်ငန်းနှင့် ကြေးနန်းဆက်သွယ်ရေး လုပ်ငန်း များကိုသီးခြားဌာနများဖြင့် ဆောင်ရွက်နေရာမှ ၁၉၆ဝ ပြည့်နှစ်တွင် စာတိုက်ဌာန (Department of Posts) နှင့်ကြေးနန်းဌာန(Department of Telegraph)ဟူ၍ ဌာန(၂)ခုဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့စ၍ စာတိုက်နှင့် ကြေးနန်းဌာန ( Posts and Telegraph Department) အဖြစ် ပူးပေါင်းဖွဲ့စည်းကာ သယ်ယူပို့ဆောင် ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ဌာနအကြီးအကဲဖြစ်​သော ညွန်ကြားရေးမှူးချုပ်ကို စာတိုက်ညွှန်ကြားရေးမှူး (Director of Posts) နှင့် ကြေးနန်းဆက်သွယ်ရေး ညွှန်ကြားရေးမှူး (Director of Telecommunications)တို့က တိုက်ရိုက်တာဝန်ခံလျက် မြန်မာနိုင်ငံတစ်ဝန်းလုံးကို စာတိုက်လုပ်ငန်းအတွက် တိုင်း(၁၁)တိုင်း၊ ကြိုးမဲ့ဆက်သွယ်ရေး တိုင်း(၂)တိုင်း၊ ကြေးနန်းဆက်သွယ်ရေးအတွက် တိုင်း(၃)တိုင်း သတ်မှတ် ပိုင်းခြားဆောင်ရွက်ခဲ့သည်။ ၁၉၇၂ခုနှစ်၊မတ်လ(၁၅)ရက်နေ့မှစ၍ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏အောက်တွင် ဆက်သွယ်ရေးဆိုင်ရာ ပြည်တွင်းပြည်ပဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်လုပ်ထုံးလုပ်နည်းစသည်တို့ကို လိုက်နာစေရန်ထိန်းသိမ်းကွပ်ကဲသည်အဖွဲ့အဖြစ် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း (စာတိုက်/ ကြေးနန်း/ တယ်လီဖုန်း)လုပ်ကိုင်သည့် ဆက်သွယ်ရေးကော်ပိုရေးရှင်း (ယခုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) ဟူ၍ အဖွဲ့အစည်းနှစ်ရပ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ၁၉၉၂ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့မှစ၍ ယခင် ပို့ဆောင် ဆက်သွယ် ရေးဝန်ကြီးဌာနအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာန နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီး ဌာန(၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနအောက်၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဟူ၍ဦးစီးဌာန (၂) ခုနှင့် လုပ်ငန်းအဖွဲ့အစည်း (၁) ခုထားရှိဆောင်ရွက်ခဲ့သည်။

၁၉၉၉ ခုနှစ် ဩဂုတ်လ (၂ဝ) ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကိုလုပ်ငန်း သဘာဝအရ ပိုမိုသင့်လျော်မှုရှိသည့် ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

၂၀၁၆ခုနှစ်တွင် ဝန်ကြီးဌာနများ ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်တွင်ပါဝင်ခဲ့သည်။ [][]

Remove ads

ဖွဲ့စည်းပုံ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို မူလဖွဲ့စည်းပုံအရ စုစုပေါင်း ဝန်ထမ်း(၄၉)ဦးပါဝင်သော အဆင့်(၃) ဦးစီးဌာနမှ အရာထမ်း(၁၆)ဦး၊အမှုထမ်း (၆၁) ဦး စုစုပေါင်းဝန်ထမ်း (၇၇) ဦးပါဝင်သော အဆင့် (၂) ဦးစီးဌာနအဖြစ် ၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင်တိုးမြှင့်ဖွဲ့စည်းကာ လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိသည်။

  • စီမံရေးရာဌာန
  • ဘဏ္ဍာရေးဌာန
  • အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာန
  • ဥပဒေဌာနလိုင်စင်နှင့် စစ်ဆေးရေးဌာန
  • အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဌာန
  • အရင်းအမြစ်စီမံခန့်ခွဲမှုဌာန
  • ရေဒီယိုလှိုင်းနှုန်းစဉ်ကြီးကြပ်ရေးနှင့် စံချိန်စံညွှန်းဌာန
  • တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ
Remove ads

လုပ်ငန်းတာဝန်များ

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍအား ဥပဒေပိုင်းအရ ကြီးကြပ်ကွပ်ကဲပေးခြင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ အစည်းအဝေးများ၊ ညီလာခံများတွင် နိုင်ငံကိုယ်စားပြုပေးရသည့် အဖွဲ့အစည်း ဖြစ်သည်။

နိုင်ငံတော်အစိုးရမှ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံဖြစ်သည်ဟု ခံယူထားသည်နှင့်အညီ ပြည်တွင်းရှိ ဆက်သွယ်ရေးနှင့် သတင်းနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့တည်ဆောက်ခြင်း၊ နည်းပညာသစ်များကို အသုံးပြု၍ ပိုမိုအရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ICTကဏ္ဍတွင်ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၌လည်း တိုးတက်ဆောင်ရွက်လျက်ရှိသည်။[]

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်နေသော အဓိကလုပ်ငန်းတာဝန်များမှာ

  1. စာတိုက်တယ်လီဖုန်း၊ ကြေးနန်းဆက်သွယ်ရေးနှင့် ရေဒီယိုဆက်သွယ်ရေးလုပ်ငန်း တို့ကို ဥပဒေဖြင့်ကြီးကြပ်ခြင်း။
  2. အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများဖြစ်ကြသော ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(UPU)၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့(APT) တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
  3. ရေဒီယိုလိုက်စင် ထုတ်ပေးခြင်းနှင့် အခွန်ကောက်ခံခြင်း။
  4. ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဖွင့်စက်လိုင်စင် ထုတ်ပေးခြင်းနှင့် အခွန်ကောက်ခံခြင်း
  5. အပြည်ပြည်ဆိုင်ရာ ရေဒီယိုအော်ပရေတာ စာမေးပွဲ စစ်ဆေးကျင်းပခြင်း။
  6. ရေဒီယိုလှိုင်းနှုန်းများ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ်ခြင်း။
  7. ခေတ်မီဆက်သွယ်ရေး နည်းစနစ်များနှင့် ပတ်သက်၍ လေ့လာခြင်း၊ အကြံပေးခြင်း။
  8. ဆက်သွယ်ရေး စက်ကိရိယာပစ္စည်းများကို စိစစ်ကြီးကြပ်ခြင်း။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads