နယူးဆောက်ဝေးပြည်နယ်

From Wikipedia, the free encyclopedia

Remove ads

ဝေလတောင်ပိုင်းနယ်သစ် ဟု အင်္ဂလိပ်လူမျိုးတို့က အမည်ပေးခဲ့သော နယူးဆောက်ဝေး (အင်္ဂလိပ်: New South Wales) သည် ဩစတေးလျ၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပြည်နယ်တခု ဖြစ်သည်။ ဤအမည် ရခဲ့ခြင်းမှာ ကိုလိုနီခေတ်က ဝေလတောင်ပိုင်းသားတို့ အဓိကအခြေချသည့်မြေ ဖြစ်ခြင်းကြောင့်တည်း။ [] မြောက်ဘက်တွင် ကွင်းစလန်း၊ တောင်ဘက်တွင် ဗစ်တိုးရီးယားနှင့် အနောက်ဘက်တွင် တောင်ဩစတေးလျ တို့နှင့် ထိစပ်နေ၏။ ကမ်းရိုးတန်းမှာ သန္တာပင်လယ်တက်စမန်းပင်လယ်တို့၏ အနားသတ်တစိတ်တပိုင်း ဖြစ်သည်။ ဩစတေးလျမြို့တော်နယ်မြေသည် ဤပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်၏။ ပြည်နယ်၏မြို့တော်မှာ ဆစ်ဒနီ ဟူ၏။ နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့လည်း ဖြစ်ချေသည်။ ၂၀၂၀ ခု၊ ဇွန်လစာရင်းအရ နယူးဆောက်ဝေးတွင် လူဦးရေ ၈.၁ သန်းကျော် ရှိသည်။ [] ယင်းပမာဏသည်လည်း နိုင်ငံတွင် လူဦးရေအများဆုံးပြည်နယ်အဖြစ် ရပ်တည်၏။ လူဦးရေ၏ သုံးပုံတပုံ (၅.၃ သန်း) မှာ ဂရိတ္တာဆစ်ဒနီဧရိယာတွင် နေသည်။ []

ဗြိတိသျှတို့က နယူးဆောက်ဝေးကို ကိုလိုနီနယ်မြေအဖြစ် ၁၇၈၈ ခုတွင် စာရင်းသွင်းသည်။ မူလသတ်မှတ်သော နယ်မြေအကျယ်အဝန်းမှာ ဩစတေးလျမြေ တဝက်မျှ ရှိ၏။ ဗန်ဒိုင်းမန်းကျွန်း၊ လော့ဟောင်ဝီကျွန်းနှင့် နော်ဖောကျွန်းတို့သည်လည်း ဤနယ်မြေဝင်များ ဖြစ်သည်။ ၁၉ ရာစုအတွင်း ဗြိတိသျှကိုလိုနီနယ်မြေတို့ကို ပြန်လည်စီဆင်သည်နောက် နယူးဆောက်ဝေးမှ မြေအချို့ကို အခြားနယ်မြေအဖြစ် ခွဲထုတ်၏။ သို့သော် ငန်းမြစ်ကိုလိုနီမြေမှာ မည်သည့်အခါတွင်မျှ နယူးဆောက်ဝေးအအုပ်အချုပ်ခံ မဖြစ်ခဲ့။

လော့ဟောင်ဝီကျွန်းမှာ ပြည်နယ့်မြေအဖြစ် ဆက်ရှိနေသော်လည်း နော်ဖောကျွန်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်လာပြီး ဩစတေးလျမြို့တော်နယ်မြေဟုလည်းကောင်း၊ ဂျာဗစ်ပင်လယ်အော်နယ်မြေဟုလည်းကောင်း လူသိများသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads