ဆားဘီးယားနိုင်ငံ
From Wikipedia, the free encyclopedia
Remove ads
ဆားဘီးယားနိုင်ငံ၏ တရားဝင် အမည်မှာ ဆားဘီးယားသမ္မတနိုင်ငံ ဖြစ်ပြီး အလယ်ဥရောပနှင့် အရှေ့တောင် ဥရောပတို့ ဆုံရာ နေရာတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ကာပါသီယံ မြစ်ဝှမ်းဒေသနှင့် ဘောလကန်ဒေသ၏ အလယ်ပိုင်းတို့ ပါဝင်သည်။ မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့ဘက်တွင် ရိုမေးနီးယားနိုင်ငံ နှင့် ဘူလ်ဂေးရီးယားနိုင်ငံ၊ တောင်ဘက်တွင် မြောက်မက်စီဒိုးနီးယားနိုင်ငံ၊ အနောက်ဘက်တွင် ခရိုအေးရှားနိုင်ငံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ၊ မွန်တီနီဂရိုးနိုင်ငံ တို့ရှိကြသည်။ ထို့အပြင် ကိုဆိုဗို မှ တဆင့် အယ်လ်ဘေးနီးယားနိုင်ငံနှင့် ထိစပ်နေသည်။ ကိုဆိုဗိုအား ဆားဘီးယားနိုင်ငံမှ ပိုင်ဆိုင်မှုနှင့် ပက်သက်၍ အငြင်းပွားဆဲ ဖြစ်သည်။ ဆားဘီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော ဘဲလ်ဂရိတ်မြို့သည် ဥရောပ အရှေ့တောင်ပိုင်းရှိ အကြီးဆုံးမြို့ကြီးများတွင် တစ်မြို့ အပါအဝင် ဖြစ်သည်။
Remove ads
မှတ်စုများ
- ကိုဆိုဗို သည် ကိုဆိုဗိုသမ္မတနိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့အကြား အငြင်းပွားနေသော ဒေသတစ်ခု ဖြစ်သည်။ ကိုဆိုဗိုသမ္မတနိုင်ငံသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လွတ်လပ်သောနိုင်ငံအဖြစ် ကြေငြာခဲ့သော်လည်း ဆားဘီးယားနိုင်ငံက ယင်း၏ အချုပ်အခြာ အာဏာပိုင်နယ်မြေအဖြစ် ဆက်လက်ကိုင်စွဲထားသည်။ အစိုးရနှစ်ရပ်သည် ၂၀၁၃ တွင် ဘရပ်စ်ဆဲသဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်ဖက်ဆက်ဆံရေးများ စတင်ခဲ့သည်။ ကိုဆိုဗိုအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၁၁၁ နိုင်ငံက အသိအမှတ်ပြုထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads