ဆိုဗီယက်ယူနီယံ အမျိုးသား ဘောလုံးအသင်း

From Wikipedia, the free encyclopedia

Remove ads

ဆိုဗီယက်ယူနီယံ အမျိုးသား ဘောလုံးအသင်း (ရုရှား: сбо́рная СССР по футбо́лу; sbornaya SSSR po futbolu; အင်္ဂလိပ်: Soviet Union national football team) သည်ဆိုဗီယက်ပြည်ထောင်စု၏ အမျိုးသားဘောလုံးအသင်းဖြစ်သည်။

အချက်တိုများ to ၁၉၂၂–၁၉၉၁, အမည်ပြောင် ...

ပြည်ထောင်စုပြိုကွဲပြီးနောက် အသင်းသည် CIS အမျိုးသား ဘောလုံးအသင်းအဖြစ် (ယာယီ) ပြောင်းခဲ့ပြီး ဖီဖာက CIS အသင်း (နောက်ဆုံးတွင် ရုရှားအသင်း) ကို ဆိုဗီယက်၏ ဆက်ခံသူအဖြစ် ယူဆသတ်မှတ်ခဲ့သည်။[] ထို့ကြောင့် ယခင်ရရှိဖူးသော စံချိန်မှတ်တမ်းများကို ထိုအသင်းအတွက် ထားရှိပေးအပ်ခဲ့သည်။ (အိုလံပစ် မူဝါဒကြောင့် အိုလံပစ် မှတ်တမ်းများကို ပေါင်းစပ်ပေးခဲ့ခြင်းမရှိပေ) မည်သို့ပင်ဆိုစေ ဆိုဗီယက်အသင်း၏ ယခင်ကစားသမား အများစုသည် ရုရှား SFSR ပြင်ပမှဖြစ်သော ယူကရိန်း SSR မှ အဓိကဖြစ်၍ ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း ယခင် ယူကရိန်း SSR မှ ကစားသမား Andrei Kanchelskis တို့အချို့သည် အသစ်ဖြစ်လာသော ရုရှား အမျိုးသား ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့သည်။

ဆိုဗီယက်ယူနီယံအသင်းသည် ၁၉၇၄ နှင့် ၁၉၇၈ တို့တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်မြင်ခဲဘဲ စုစုပေါင်း ဖိုင်နယ်ပွဲ (၇) ပွဲ (ကွာတား၊ ဆီမီး) တက်ရောက်နိုင်ခဲ့ပြီး ၁၉၆၆ ပြိုင်ပွဲတွင် စတုတ္ထ ရရှိခဲ့သည်။ ဥရောပဖလားပြိုင်ပွဲမျအတွက် ငါးကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့ကာ ပထမဆုံးကျင်းပသော ဥရောပဖလား - European Nations' Cup (၁၉၆၀) ကို အနိုင်ရရှိခဲ့သည်။

အိုလံပစ်ပြိုင်ပွဲများတွင်လည်း ပါဝင်ခဲ့ပြီး ၁၉၅၆ နှင့် ၁၉၈၈ အိုလံပစ် ဘောလုံးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၁၉၅၈ တွင် ဖီဖာက အမျိုးသားအသင်းများကို အိုလံပစ်တွင် ပါဝင်စေခြင်းမရှိရစေသော စည်းကမ်းရှိခဲ့သော်လည်း ဆိုဗီယက်က အမျိုးသားအသင်းကို သာ စေလွှတ်ခဲ့သည်။ (အိုလံပစ်ပြိုင်ပွဲတွင် ယင်းကာလက အပျော်တမ်းကစားသမားများသာ ပါဝင်ရန်ဖြစ်ပြီး ဆိုဗီယက်က စစ်တပ်မှ ၎င်းတို့၏ အကောင်းဆုံးကစားသမားများကို ရွေးချယ်စေလွှတ်ခဲ့ကြသည်။)

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads