အင်္ဂလန် အမျိုးသား ဘောလုံးအသင်း

အင်္ဂလန်နိုင်ငံကိုယ်စားပြု အမျိုးသားဘောလုံးအသင်း From Wikipedia, the free encyclopedia

အင်္ဂလန် အမျိုးသား ဘောလုံးအသင်း
Remove ads

အင်္ဂလန် အမျိုးသား ဘောလုံးအသင်းသည် အင်္ဂလန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (The Football Association; FA) မှ အုပ်ချုပ်ကွပ်ကဲသည်။[][] အက်ဖ်အေသည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအေးဖာ)၏ အောက်ရှိအဖွဲ့အစည်းတစ်ခုဖြစ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ စည်းကမ်းဆိုင်ရာ စီရင်မီုအေုက်တွင်ရှိသည်။[][] အသင်းသည် ဖီဖာ ကမ္ဘာ့ဖလားယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာနိုင်ငံများလိဂ် (UEFA Nations League) စသည့် အဓိကပြိုင်ပွဲကြီး သုံးရပ်၌ ပါဝင်ယှဉ်ပြိုင်သည်။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားဆု ရရှိခဲ့သော နိုင်ငံရှစ်နိုင်ငံထဲက အသင်းတစ်သင်းလည်းဖြစ်၏ ။[]

အချက်တိုများ အမည်ပြောင်, အဖွဲ့ ...

အင်္ဂလန်အမျိုးသားအသင်းသည် ကမ္ဘာပေါ်၌ သက်တမ်းအကြာဆုံး ပူးတွဲအသင်းတစ်ခုဖြစ်၍ ၁၈၇၂ တွင် စကော့တလန် အမျိုးသားဘောလုံးအသင်းကို ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။ အသင်း၏ အိမ်ကွင်းမှာ ဝင်ဘာလီ အားကစားကွင်း (Wembley Stadium; /ဝမ်းဘလီ/) ဖြစ်၍ လန်ဒန်တွင် တည်ရှိပြီး လေ့ကျင့်ရေးဌာနချုပ်များသည် စိန့် ဂျော့ဂျ်ပါ့ခ်၊ ဘာတန်နပေါန်ထရန့်တ်မြို့ (Burton upon Trent) တို့၌ ရှိသည်။ လက်ရှိအသင်း၏ မန်နေဂျာ (နည်းပြ)မှာ ဂရက် ဆောက်ဂိတ် ဖြစ်၏ ။

အင်္ဂလန်အသင်းသည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၅) ကြိမ်အထိ အရည်အချင်းစစ်အောင်မြင်ခဲ့ပြီး အင်္ဂလန်အသင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပသောနှစ် ၁၉၆၆ ၌ ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ ထို့အပြင် ၁၉၉၀၊ ၂၀၁၈ ပြိုင်ပွဲများတွင်လည်း စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့လေသည်။ သို့သော် အင်္ဂလန်အသင်းသည် ဥရောပဖလားပြိုင်ပွဲတွင် အနိုင်ရရှိဖူးခြင်းမရှိသေးဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် ဥရောပဖလားပွဲတွင် ဗိုလ်လုပွဲအထိရောက်ရှိခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဖွဲ့စည်းပါဝင်နိုင်ငံဖြစ်သည့် အင်္ဂလန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအဖွဲ့ဝင်မဟုတ်သောကြောင့် အိုလံပစ်အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်း မရှိပေ။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads