ဆီမီးခုံမြို့
From Wikipedia, the free encyclopedia
Remove ads
ဆီမီးခုံမြို့ သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ မြို့ဖြစ်သည်။ယခင်က ဆီမီးခုံကျေးရွာအုပ်စုရှိ ဆီမီးခုံကျေးရွာဖြစ်ပြီး ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့တွင် ရပ်ကွက်(၄)ခုပါဝင်သော မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၁]၂၀၂၀ပြည့်နှစ်တွင် ဆီမီးခုံမြို့၌ လူဦးရေ ၅,၀၅၅ဦးရှိသည်။[၂]ဆီမီးခုံဟုဆိုသော်လည်း ဒေသခံများနှင့် ပတ်ဝန်းကျင်အရပ်များကမူ ဆမိတ်ခုံဟု ခေါ်ဝေါ်ကြသည်။[၃]
Remove ads
ပထဝီဝင်အနေအထား
တည်နေရာနှင့် အကျယ်အဝန်း
ဆီမီးခုံမြို့သည် မြင်းခြံမြို့နယ်၏ မြောက်ဘက်ပိုင်း ဧရာဝတီမြစ်ဘေးတွင် တည်ရှိသည်။
လူဦးရေ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အချက်အလက်များအရ ဆီမီးခုံမြို့တွင် ၂၀၂၀ပြည့်နှစ်၌ လူဦးရေ ၅,၀၅၅ဦးရှိသည်။ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
စီးပွားရေး
မြို့သာစက်မှုဥယျာဉ်စီမံကိန်း၏ ပထမအဆင့်အဖြစ် ဆီမီးခုံတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခုတည်ရှိသည်။မြို့သာစက်မှုဥယျာဉ် ဖွံ့ဖြိုးလာပါက ဆီမီးခုံတွင်လည်း စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်သည်။[၄]
ပို့ဆောင်ဆက်သွယ်ရေး
ဆီမီးခုံမြို့ရှိ ဆီမီးခုံဆိပ်ကမ်း (ဧရာဝတီ)မှာ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အဆင့်မီဆိပ်ကမ်းတစ်ခုဖြစ်သည်။ရန်ကုန် သီလဝါဆိပ်ကမ်းနှင့် မန္တလေး ဆီမီးခုံဆိပ်ကမ်းတို့အကြား ရေကြောင်းသယ်ယူပို့ဆောင်မှု ရှိသည်။[၅]လက်ရှိတွင် မြင်းခြံ-ဆီမီးခုံလမ်း၊ နဘူးအိုင်-ဆီမီးခုံလမ်းတို့မှ သွားလာနိုင်သည်။[၆]မြို့သာစက်မှုဥယျာဉ်၏ အဓိကလမ်းမကြီးများအနက် တစ်ခုအပါအဝင်ဖြစ်သည့် တံတားဦး-မြို့သာ-ဆီမီးခုံဆိပ်ကမ်းလမ်းမကြီးမှာ ဖောက်လုပ်နေဆဲဖြစ်သည်။ထိုလမ်းမကြီးပြီးစီးပါက မန္တလေးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးများနှင့် အချိန်တိုအတွင်း ဆက်သွယ်နိုင်မည်ဖြစ်သည်။[၇]
Remove ads
ပညာရေး
ဆီမီးခုံမြို့တွင် အထက်တန်းကျောင်း တည်ရှိသည်။အသက်(၁၅)နှစ်အထက်လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၉၇.၀၈ရာခိုင်နှုန်းရှိသည်။
ကျန်းမာရေး
ဆီမီးခုံမြို့တွင် (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံရှိသည်။
ထင်ရှားသောနေရာများ
ဆီမီးခုံမြို့တွင် နှစ်(၁၅၀)ကျော်သက်တမ်းရှိ ယွန်းကျောင်းဟုခေါ်သော ရှေးဟောင်းဘုန်းကြီးကျောင်းနှင့် မြို့၏ အရှေ့နှင့်အနောက်ကို ဆက်သွယ်ပေးသော ကျွန်းတံတားကြီးများ တည်ရှိသည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads