မြင်းခြံမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
မြင်းခြံမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြင်းခြံမြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
သက္ကရာဇ် (၁၁၀၅)တွင် မြင်းခြံမြို့ကို ရေလဲရွာဟုခေါ်တွင်ခဲ့သည်။ မျဉ်းကျန်မှ မြင်းခြံ ဖြစ်လာသည်ဟု ဆိုသည်။ ကုန်းဘောင်ခေတ်၊ ရွှေဘိုမင်း လက်ထက်တွင် လူကြီး လေးဦးတို့၏ ပိုင်နက်နယ်နိမိတ် လူသတ်မှု အဖြစ်များသည်။ သတ်သူမပေါ်လျှင် သက်ဆိုင်ရာ နတ်ရှင်သူကြီးသည် ငွေသုံးပိဿာ ပေးဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် မည်သူ့နယ်ဖြစ်သည်ဟု သိရှိနိုင်ရန် မျဉ်းကြောင်းဆွဲလျက် သတ်မှတ်ကြသည်။ လူသေအလောင်း တွေ့ရှိရာနေရာသည် မျဉ်းဆွဲရာတွင် လွတ်ကျန်နေခဲ့သည်။ သူကြီးပိုင်နက်သတ်မှတ် မျဉ်းဆွဲရာတွင် ကျန်ရစ်သောကြောင့် မျဉ်းကျန်၊ ထိုမှတဆင့် မြင်းခြံ ဖြစ်လာသည်ဟု ဆိုသည်။[၂]
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၀မိနစ်နှင့် ၂၁ဒီဂရီ ၄၆မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၅မိနစ်နှင့် ၉၅ဒီဂရီ ၃၇မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၁၅.၆၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
မြင်းခြံမြို့နယ်၏ အရှေ့ဘက်တွင် နွားထိုးကြီးမြို့နယ်၊တောင်ဘက်တွင် တောင်သာမြို့နယ်၊အနောက်ဘက်တွင် မကွေးတိုင်းရှိ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်းမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၀၀မှ ၁၅၅၄ပေအထက်တွင် တည်ရှိသည်။ ကုန်းမြေမြင့်နည်းပါးပြီး အများအားဖြင့် မြေပြန့်ဖြစ်သည်။ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ စီးဆင်းသည်။ မြို့နယ်အတွင်းရှိ ချောင်းများမှာ အရှေ့မှ အနောက်သို့ စီးဆင်းလျက်ရှိသည်။
Remove ads
လူဦးရေ
မြင်းခြံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရခိုင်၊ရှမ်း၊ချင်း၊ကရင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
မြင်းခြံမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆေးရွက်ကြီး၊ပဲမျိုးစုံ၊ ကြက်သွန်နှင့် ဆီထွက်သီးနှံများဖြစ်ကာ မြန်မာပြည်အောက်ပိုင်းသို့ အများဆုံးတင်ပို့ရောင်းချသည်။ မြို့နယ်အတွင်း မြင်းခြံစက်မှုဇုန်တည်ရှိကာ နိုင်ငံပိုင် သံမဏိစက်ရုံနှင့် ဆေးဆိုးပန်းရိုက်စက်ရုံများ၊ ပုဂ္ဂလိက အလုပ်ရုံ ၆၀၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၂၁၇ခုရှိသည်။
ဈေးများ
- မြို့မဈေး
- အေးမြသီတာဈေး
- စံပြဈေး
- ဆီမီးခုံဈေး
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
မြင်းခြံမြို့မှ ရန်ကုန်၊မန္တလေး၊တောင်ကြီး၊မကွေး၊မုံရွာ၊လွိုင်ကော်၊မိတ္ထီလာ၊ကျောက်ပန်းတောင်း၊ချောက်၊ပခုက္ကူ၊ရေစကြို၊တောင်ငူနှင့် မူဆယ်မြို့များသို့ ခရီးသည်တင်ကားများရှိသည်။ မြင်းခြံမှ တောင်သာ၊နွားထိုးကြီး၊ မြို့သာနှင့် ညောင်ဦးသို့ ကားလမ်းရှိသည်။
ပညာရေး
အဆင့်မြင့်ပညာ
- မြင်းခြံဒီဂရီကောလိပ်
- မြင်းခြံနည်းပညာတက္ကသိုလ်
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၁၀ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက ၄
- အထက ဆီမီးခုံ
- အထက နဘူးအိုင်
- အထက ထနောင်းတိုင်
- အထက တလုပ်မြို့
- အထက ရွာသစ်
- အထက ဇီးပင်ကန်
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) ဂင့်ဂဲ
- အလက (ထ(ခွဲ)) ပျော်ဘွယ်စံပြ
- အလက (ထ(ခွဲ)) ကုက္ကဲ
- အလက (ထ(ခွဲ)) ကွမ်းစိုက်
- အလက (ထ(ခွဲ)) ကတော
- အလက (ထ(ခွဲ)) ဆုံရွာကွေ့ကြီး
- အလက (ထ(ခွဲ)) ဒါးကျွန်း
- အလက ဖက်ပင်အိုင်
- အလက အလင်းရောင်
- အလက အနိမ့်
- အလက ပတ္တာ (န)
- အလက ပျား
- အလက တူရွင်းဘို့
- အလက ငါ့နန်း
- အလက တောပု
- အလက မြောက်ကျွန်း
- အလက ရသာ
- အလက ကျားတိုင်း
- အလက သင်ပြွန်း
အမက
. အမက ကုလ
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၄ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
- ခရိုင်ပြည်သူ့ဆေးရုံကြီး
- ဆီမီးခုံ တိုက်နယ်ဆေးရုံ
- ထနောင်းတိုင် တိုက်နယ်ဆေးရုံ
- ယုန်ထိုး တိုက်နယ်ဆေးရုံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads