ဆူးချင်ကုန်းရွာ၊ ပျော်ဘွယ်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဆူးချင်ကုန်းရွာ (အင်္ဂလိပ်: Suchinkone)သည် မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်ပျော်ဘွယ်မြို့နယ်ဆူးချင်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၈၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆူးချင်ကုန်းကျေးရွာအုပ်စုတွင် ကျား ၃၃၁ ဦး၊ မ ၃၅၇ ဦး၊ လူဦးရေ စုစုပေါင်း ၆၈၈ ဦးနေထိုင်သည်။[]

အချက်တိုများ ဆူးချင်ကုန်း, ဆူးချင်ကုန်းရွာ ...

ဆူးချင်းကုန်းရွာ၏ အရှေ့ဘက်တွင် အောင်တံခွန်ရွာဦးကျောင်း၊ ရှေးဟောင်းဘုရားစေတီ ၅ ဆူ၊ ဆူးချင်းကုန်း အခြေခံပညာအလယ်တန်းကျောင်းနှင့် ပုံတော်ကုန်းကျေးရွာတို့ တည်ရှိသည်။ ရွာ၏အရှေ့တောင်ဘက်တွင် ရှေးအခါက ရဟန္တာများသိမ်သမုတ်ပေးခဲ့သည်ဟု ဆိုစမှတ်ပြုသည့် အောင်သိမ်တော်ဘုရားစေတီတစ်ဆူနှင့် သိမ်မြေနေရာတို့ကို ယခုတိုင် တွေ့ရှိရသည်။

ရွာဦးကျောင်းတွင် သာသနာ့ဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ကျောင်းသားဟောင်း နယ်လှည့်ဓမ္မကထိက ဆရာတော် အရှင်ဥတ္တမသာရ (ပျော်ဘွယ်ဆရာတော်) သီတင်းသုံးနေထိုင်တော်မူသည်။ ရွာ၏မြောက်ဘက်ကပ်လျက်တွင် အိမ်ခြေ ၆၀ ခန့်ရှိ ရွှေကံသာကျေးရွာ တည်ရှိသည်။ ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးခဲ့ပြီး သောက်ရေ၊ သုံးရေများလည်း လွယ်ကူအဆင်ပြေလာခဲ့သည်။

ဆူးချင်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူအများစုမှာ ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည့်အပြင် သစ်လုပ်ငန်း၊ တံခါးပရိဘောဂလုပ်ငန်းနှင့် ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads