ပျော်ဘွယ်မြို့နယ်
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
ပျော်ဘွယ်မြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပျော်ဘွယ်မြို့ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ပျော်ဘွယ်မြို့နယ်သည် မြန်မာသက္ကရာဇ် ၁၁၈၆ခုနှစ်၊ ဘကြီးတော်မင်းလက်ထက်တွင် ညောင်ရမ်းမင်းသားငယ်စဉ်အခါက ပျော်မွေ့သည့် အရပ်ဖြစ်သဖြင့် ညောင်ရမ်းမင်းသားအား ရင်ခွင်ပိုက် အုပ်ထိန်းသူ သီရိဝဏ္ဏဘွဲ့ခံ ဦးမှုံက တည်ထားခဲ့ခြင်းဖြစ်သည်။၉.၁၁.၁၉၇၂ခုနှစ်တွင် မြို့အဖြစ် ဖွဲ့စည်းခဲ့သည်။[၂]
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၁မိနစ်နှင့် ၂၀ဒီဂရီ ၄၇မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၄မိနစ်နှင့် ၉၆ဒီဂရီ ၂၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၈၄မိုင်၊ တောင်မှမြောက်သို့ ၃၂မိုင်ရှိပြီး ၆၃၈.၄၅စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
ပျော်ဘွယ်မြို့နယ်၏ အရှေ့ဘက်တွင် သာစည်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ တောင်ဘက်တွင် ရမည်းသင်းမြို့နယ်၊အနောက်ဘက်တွင် မကွေးတိုင်းရှိ နတ်မောက်မြို့နယ်၊ မြောက်ဘက်တွင် မိတ္ထီလာမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ၆၈၃ပေအထက်တွင် တည်ရှိသည်။မြို့နယ်၏ အရှေ့ဘက်သည် ရှမ်းကုန်းမြေမြင့်ဖြစ်ကာ အနောက်ခြမ်းသည် ပဲခူးရိုးမတောင်တန်းဖြစ်သည်။ အလယ်ပိုင်းသည် မြေပြန့်လွင်ပြင်ဖြစ်သည်။ချောင်းကောက်ချောင်းသည် မိတ္ထီလာမြို့နယ်နှင့် အစပ်တွင် စီးဆင်းနေသည်။
Remove ads
လူဦးရေ
ပျော်ဘွယ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူနှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၁၂၄%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ်စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
ပျော်ဘွယ်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အချက်အချာကျသော ဒေသဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် သီးနံ/ပွဲရုံများကို အဓိကထားကာ လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ငရုပ်/ကြက်သွန်ဖြစ်ကာ ရန်ကုန်နှင့် မန္တလေးဒေသများသို့ အများဆုံး တင်ပို့ရောင်းချသည်။ နိုင်ငံပိုင်ချည်မျှင်စက်ရုံ ၁ရုံနှင့် ပုဂ္ဂလိကပိုင် စက်ရုံ ၄ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၆၄၃ခု တည်ရှိသည်။ ၂၀၀၀ ခုနစ်ေနာက်ပိုင်း ဆံပင်လုပ်ငန်းမွာလည်း ထင်ရှားအောင်မြင်လာသည်
ဈေးများ
- အမှတ်(၁)ဈေး
- အမှတ်(၂)ဈေး
*အောင်မင်္ဂလာဈေး
- ရန်အောင်ဈေး
- ယင်းတော်ဈေး
- အမှတ်(၂)အတွင်းဈေး
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
ပျော်ဘွယ်မြို့နယ်သည် ကားလမ်းများဆုံရာတွင်တည်ရှိကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသဖြစ်သည်။ ရန်ကုန်-မန္တလေးကားလမ်း၊ပျော်ဘွယ်-ဘုရားငါးဆူကားလမ်း၊ပျော်ဘွယ်-နတ်မောက်လမ်းများ တည်ရှိသည်။
ပညာရေး
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၁၆ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက ရန်အောင်
- အထက အရှေ့လျှော်ဖြူကုန်း
- အထက ညောင်ကုန်း-တ
- အထက ကျီတိုင်ကုန်း
- အထက ရွှေညောင်ဖူး
- အထက ရွာသစ်-န
- အထက အနောက်လျှော်ဖြူကုန်း
- အထက ညောင်ကုန်း-မ
- အထက တဲကြီးကုန်း
- အထက တွင်းရွာ
- အထက မိုးကောင်း
- အထက မြင်းတဲ
- အထက သိမ်ကုန်း
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) အောင်သာ
- အလက (ထ(ခွဲ)) ကြို့ကုန်း
- အလက (ထ(ခွဲ)) တောင်တည်
- အလက (ထ(ခွဲ)) ရွာသာ
- အလက (ထ(ခွဲ)) တိမ်းတည်
- အလက (ထ(ခွဲ)) နတ်စုံးမှော်
- အလက ထန်းပင်
- အလက ရွာသစ်-ရှေ့
- အလက မကျီးကုန်း
- အလက လက်သဲကြိုး
- အလက (ထ(ခွဲ))သဖန်းချောင်း
- အလက မိုးနံကုန်း
- အလက ပန်းတော
- အလက ဝါးရုံစု
- အလက ရှမ်းစု
- အလက တောင်ဂွ
- အလက ကျီရွာ
- အလက ပေပင်ရှည်
- အလက ကျီနီ
- အလက (ထ(ခွဲ))တလင်းကုန်း
- အလက ကြက်တည်
- အလက (ထ(ခွဲ)) ရွှေပြည်ရန်နိုင်
- အလက (ထ(ခွဲ))ညောင်ပင်တဲ
- အလက ပေါက်ခနီး
- အလက ရုံးကုန်း
- အလက လက်ပံတော
- အလက သစ်လှကျင်း
- အလက ကန်တဲ
- အလက ဆူးချင်ကုန်း
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၉၃ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
- ပျော်ဘွယ် မြို့နယ်ပြည်သူ့ဆေးရုံ
- ယင်းတော် တိုက်နယ်ဆေးရုံ
- ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ
- တောင်ညောင်ကုန်း တိုက်နယ်ဆေးရုံ
- ရန်အောင် တိုက်နယ်ဆေးရုံ
- သီးပင် တိုက်နယ်ဆေးရုံ
- အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ
- ၁၆ ကုတင် တိုင်းရင်းဆေးရုံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads