ဆောမြို့နယ်

မကွေးတိုင်းရှိ မြို့နယ် From Wikipedia, the free encyclopedia

ဆောမြို့နယ်
Remove ads

ဆောမြို့နယ် သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ဆောမြို့နယ်တွင် ဆောမြို့နှင့် ကျောက်ထုမြို့ တို့ပါဝင်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆောမြို့ ဖြစ်သည်။

အချက်တိုများ ဆောမြို့နယ်, နိုင်ငံ ...
Remove ads

ဆောနယ်သစ်ထုတ်လုပ်ငန်း

ဆောနယ်တွင် ရှေးမြန်မာမင်းများလက်ထက်ကပင် သစ်ထုတ်လုပ်ငန်းကို လုပ်ကိုင်သည်။ ဆောမြို့မှာ ယော ၄ မြို့ဝန် အုပ်ချုပ်ရာ နယ်မြေ ဖြစ်ကာ ယော၊ဆော၊ ထီးလင်း၊ လောင်းရှည်မြို့များကို ပူးတွဲ အုပ်ချုပ်သည်။ မင်းတုန်းမင်း လက်ထက် ၁၈၇၀ ပြည့်နှင်က ဆောဒေသမှ သစ်များ ထုတ်လုပ်ကာ ဆောချောင်း၊ ယောချောင်း၊ မုန်းချောင်း စသည်တို့မှ မျှောချလေ့ ရှိသည်။ ဗြိတိသျှတို့ လက်ထက်၌လည်း ဆောနယ်၌ သစ်ထုတ်လုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့သည်။[]



Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads