ဆောမြို့

From Wikipedia, the free encyclopedia

ဆောမြို့map
Remove ads

ဆောမြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဆောမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မြို့နယ်၏ ကျယ်ဝန်းသောအပိုင်းမှာ ယောချောင်းမြစ်ဝှမ်းတွင် တည်ရှိ၏။ ဆောမြို့နယ်အတွင်း နေထိုင်ကြသော လူမျိုးများမှာ အများအားဖြင့်ယောလူမျိုးများဖြစ်ကြသော်လည်း၊ ချင်းပုံလူမျိုး နှင့် တောင်သားလူမျိုးများကိုလည်း တွေ့ရှိနိုင်သည်။

အချက်တိုများ ဆောမြို့ စောကလျာမြို့, နိုင်ငံအမည် ...

မူလက မြို့ပိုင်ရုံးစိုက်ရာဌာန မဟုတ်ဘဲ၊ လောင်းရှည်မြို့နယ်၏ ရွာကလေးတစ်ရွာမျှသာ ဖြစ်၏။ လောင်းရှည်မြို့သည် ဆောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိ၏။၁၈၉၆ခုနှစ်တွင် ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ကိုစုစည်း၍ ချင်းတောင်စည်းမျဉ်းဥပဒေ ဖြင့်အုပ်ချုပ်သည်။ ဆောမြို့မှ ဧရာဝတီမြစ်ဆိပ်ကမ်းဖြစ်သော ဆိပ်ဖြူမြို့ နှင့် ပခုက္ကူမြို့သို့ ယခင်က နွေရာသီတွင်ကားလမ်းဖြင့် ဆက်သွယ်နိုင်ပြီး ယခု တစ်နှစ်ပါတ်လုံးမော်တော်ကားဖြင့်သွားလာနိုင်သည်။ ၁၂မိုင် ခန့်ကွာဝေးသည့် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့သို့လည်း ရာသီမရွေး သွားလာနိုင်သောလမ်းရှိသည်။

ဆောမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၂ဝဝ မျှရှိ၍၊ မြို့၏လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ၁၂၇၇ ယောက်မျှ ရှိလေသည်။[]

၂၀၁၄-ခုနှစ် သန်းကောင်စာရင်းအရ ဆောမြို့၏လူဦးရေမှာ ၄၈၆၂ ဦး (ကျား-၂၂၂၆, မ-၂၆၃၆) ရှိသည်။

ဆောမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ-၁၀၆၈.၁ (စတုရန်းမိုင်-၄၁၂.၄၀) ကျယ်ဝန်းသည်။ တမြို့နယ်လုံး၏ လူဦးရေမှာ ၃၅၈၃၂ ဦး (ကျား-၁၇၂၀၉, မ-၁၈၆၂၃) ရှိသည်။[]

Remove ads

သမိုင်းကြောင်း

ဆောမြို့ကို ဘီစီ ၁၇၄ တွင် ပူရန္တပ္ပမင်းနေပြည်တော်မှ ထွက်ခွာလာသူ မင်းသား မင်းရှင်စောက စတင်တည်ထောင်ပြီး စမ္ပာနဂရဟု အမည်ပေးကြောင်း၊ နောက်ပိုင်း တည်ထောင်သူကို အစွဲပြု၍ စောမြို့ဟု ခေါ်ရာမှ ဆောမြို့ ဖြစ်လာကြောင်း ဆိုသည်။ မြန်မာမင်းလက်ထက် တလျှောက်တွင် ဆောမြို့၌ မြို့သူကြီး ရာထူး ထားရှိသည်။

ထင်ရှားသော အစောပိုင်းကာလ ဆောမြို့သူကြီး အဆက်ဆက်မှာ

  1. ဦးရွှေခိုင်
  2. သား ဦးသက်ခိုင်
  3. သား ဦးစံလှ
  4. သား ဦးစာ
  5. သား ဦးပေသီး
  6. သား ဦးရွှေသိမ်း
  7. ညီ ဦးရွှေမင်း
  8. တူ ဦးလှမိုး
  9. ညီ ဦးကျော်ညွန့်

ဘိုးတော်ဘုရားလက်ထက် ၁၁ ဖေဖော်ဝါရီ ၁၇၈၄ တွင် ဆောမြို့စစ်တမ်းကို မြို့သူကြီး ဦးစာ(၄၀ နှစ်)က ဆက်သွင်းပြီး ဆင်ဖြူရှင်မင်းလက်ထက်ကပင် ဆောမြို့သူကြီး ရရှိခဲ့သူ ဖြစ်သည်။ ၁၈၀၂ ဒုတိယအကြိမ် စစ်‌တမ်း ကောက်ယူချိန်၌လည်း ဦးစာပင် ဆက်သွင်းသည်။ မင်းတုန်းမင်းလက်ထက် ဆောမြို့သူကြီး ရာထူး အရှုပ်အထွေး ပေါ်သည်။ ဦးစာ၏ မြစ်တော်သူ ဦးလှမိုးက မိမိဖခင် ဦးရွှေသိမ်းထံမှ ဘထွေး ဦးရွှေမင်းက အမိန့်တော် ခံလျက် ကြီးစိုးခဲ့ကြောင်း၊ မိမိသာလျှင် အရိုးသားမြေး မှန်ကန်ပါကြောင်း လွှတ်တော်သို့ တင်ပြ လျှောက်ထားရာ ၂၆ ဖေဖော်ဝါရီ ၁၈၈၀ တွင် ဦးလှမိုး ဆောမြို့သူကြီး ဖြစ်လာသည်။ ၎င်းသည် တာဝန်ထမ်းဆောင်စဉ်အတွင်း နာမကျန်း ဖြစ် ကွယ်လွန်သည်။ သားသမီး မရှိ၍ တူဖြစ်သူ ဦးကျော်ညွန့် ဆက်ခံကာ မြန်မာဘုရင်လက်ထက် ခန့်အပ်ခံရသူ နောက်ဆုံးသော ဆောမြို့သူကြီး ဖြစ်သည်။ []

Remove ads

အထင်ကရပုဂ္ဂိုလ်

  • စာရေးဆရာ ယောနက ဘိုးထောင်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads