ဆေးတက္ကသိုလ် (တောင်ကြီး)
မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် From Wikipedia, the free encyclopedia
Remove ads
ဆေးတက္ကသိုလ်(တောင်ကြီး) သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ဆေးတက္ကသိုလ်ဖြစ်ပြီး [၁]ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်သည်။ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း(၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ)[၂]စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွင့်လှစ်ပေးခဲ့သည်။[၃][၄][၅]ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးများ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများလည်း တက်ရောက်ခဲ့သည်။[၆]
ဆေးတက္ကသိုလ် (တောင်ကြီး) သည် အကျယ်အဝန်း မြေဧရိယာ ၄၆ ဧကပေါ်တွင် တည်ဆောက်ထားသည့် သုံးထပ်အဆောက်အအုံ ဖြစ်သည်။ သုံးထပ် ပင်မဆောင်၊ သုံးထပ်သင်ကြားရေးဆောင်၊ လူ (၂၅၀) ဆံ့ စာသင်ဆောင်၊ [၇]အမှုထမ်းအိမ်ရာ၊ အရာထမ်းအိမ်ရာ ၄ ခန်းတွဲ လေးထပ်ဆောင်၊ ပါမောက္ခချုပ်နေအိမ်၊[၈] အရာထမ်းဆောင်၊ Lecture Theatre၊ စားသောက်ဆိုင်၊ ကျောင်းသူ အိပ်ဆောင်၊ ဧည့်ရိပ်သာ ၄ ခန်းတွဲ သုံးထပ်ဆောင်၊ ကျောင်းသား အိပ်ဆောင်၊ ဒုတိယ ပါမောက္ခချုပ် နေအိမ်[၉]၂ထပ်၊[၁၀]စာကြည့်တိုက်၊ E-Language Lab ၊ E-Library တို့ ပါဝင်သည်။
ဆေးတက္ကသိုလ် (တောင်ကြီး) မှ ကျောင်းသား ကျောင်းသူများအား သင်ကြား ပေးနိုင်ရေးအတွက် စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံတို့အား သင်ကြားရေး ဆေးရုံကြီးများအဖြစ် စီစဉ်ဆောင်ရွက်ထားရှိသည်။
ဆေးတက္ကသိုလ် (တောင်ကြီး)တွင် ဘွဲ့ရကျောင်းသားများမရှိသေးဘဲ ယခုအမြင့်ဆုံးသင်ကြားနေသောအတန်းမှာ နောက်ဆုံးနှစ် အပိုင်း (က) ဖြစ်သည်။

Remove ads
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads