တင်မောင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
ဦးတင်မောင်ဝင်း သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ခရမ်းမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၇၄၂၈) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၆၀.၄၃) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ခရမ်းမြို့ ဇာတိ ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ဖွား ဖြစ်သည်။ ဦးမြို့၏ သားဖြစ်သည်။ ဦးတင်မောင်ဝင်းသည် ခရမ်းမြို့ အစိုးရ အထက်တန်းကျောင်း၊ ရေကျော် မက်သဒစ်နှင့် ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတို့တွင် ဆယ်တန်း အောင်မြင်သည် အထိ ပညာ သင်ကြား ခဲ့ပြီးနောက် ၁၉၅၇ - ၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
ခရမ်းမြို့နယ် ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး၊ တက္ကသိုလ် ခရမ်းမြို့နယ် အသင်း၊ ဟံသာဝတီ ခရိုင်အသင်း၊ ကလောင်ရှင် အသင်း၊ သဟာယနှင့် စာဖတ် အသင်းများတွင် ရှေ့တန်းက ပါဝင်၍ ဗကသများ အဖွဲ့ချုပ်နှင့် တကသ အဖွဲ့ဝင်၊ ကျောင်းသား ညီညွတ်ရေး တပ်ဦး တွဲဖက် အတွင်းရေးမှူးနှင့် သဘာပတိ အဖွဲ့ဝင်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင် အရေးအခင်းတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား အခွင့်အရေး ကာကွယ်မှု တိုက်ပွဲ ကော်မတီ ဥက္ကဋ္ဌ၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ် အထိ လုံခြုံရေး ပုဒ်မ (၅) ဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရကာ ထောင် ၇ နှစ် ကျခဲ့သည်။ ထောင်မှ လွတ်ပြီးနောက် ခရမ်း မြို့နယ်ရှိ မိသားစုပိုင် ဆန်စက်တွင် မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့သည်။
၁၃၅၀ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီး တွင် စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ် ကျောင်းသား သမဂ္ဂ ဝင်ဟောင်းများ ကော်မတီတွင် ပါဝင် လှုပ်ရှားခဲ့သည်။ အရေးတော်ပုံကြီး အပြီး နိုင်ငံရေး ပါတီများ ဖွဲ့စည်း တည်ထောင်သော အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် အဖြစ် ဆောင်ရွက် ခဲ့သည်။
ဦးတင်မောင်ဝင်းသည် ဦးမောင်ကို နှင့် သူငယ်ချင်း ဖြစ်သည်။ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦတင်မောင်ဝင်းနှင့် ယှဉ်ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဇော်ဝင်း (အငြိမ်းစား ဗိုလ်မှူးကြီး ဇော်ဝင်း) မဆလခေတ် နိုင်ငံတော် ကောင်စီဝင် ဟောင်း၏ ညီအရင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြီး နဝတ စစ်ထောက်လှမ်းရေး များ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်တွင်း၌ သေဆုံး သွားခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads