တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
မြန်မာနိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party, NUP; အတိုကောက် တစည) သည် ၁၉၈၈ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် အမည်ပြောင်းခဲ့ခြင်းဖြစ်ပြီး[၃][၄] လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသည့် ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[၇]

တစညပါတီ သည် မြို့နယ်ပေါင်း ၂၉၀ ကျော်တွင် ပါတီရုံးများဖွင့်လှစ်ထား၍ တနိုင်ငံလုံးနီးပါးတွင် ပါတီရုံးရှိသည့် ပါတီ တစ်ခု ဖြစ်သည်။ ၂၀၁ဝ ပြည့်နှစ် တွင် ပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်ဟု ထုတ်ပြန်ထားသည် ။[၈] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ ဦးသာကျော် နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် ပါတီဥက္ကဋ္ဌမှာ ဦးဟန်ရွှေ ဖြစ်သည်။[၁]
၁၉၉၀ ရွေးကောက်ပွဲ ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြီးလျှင် မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -
Remove ads
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%)၊ မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ် (၁၂) နေရာ၌ အနိုင်ရရှိခဲ့သည်။[၉]
၂၀၁၀ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် (၉၉၄)နေရာ ၌ ဝင်ပြိုင်သည်။ပြည်သူ့လွှတ်တော် တွင် (၁၂) နေရာ၊အမျိုးသားလွှတ်တော် တွင် (၅)နေရာ၊တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ၆၇၃ နေရာအနက် (တိုင်းရင်း သားလူမျိုးစုမဲဆန္ဒနယ် ၂၉ နေရာအပါအဝင်) ၆၆၃ နေရာတွင် (၄၆)နေရာ ရရှိခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်တိုင်းလိုလို၌ ဝင်ရောက်အရွေးခံခဲ့သည်။ ကချင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်တနေရာ ၌သာ အနိုင်ရခဲ့သည်။[၁၀]
၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီသည် ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ဖြင့် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်[၁၁][၁၂]
Remove ads
ပါတီမှတ်ပုံတင်ခြင်း
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅) ဖြင့် ခွင့်ပြုခဲ့သည်။
ရွေးကောက်ပွဲ ရလဒ်များ
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
ကြားဖြတ်ရွေးကောက်ပွဲ
ပါတီမူဝါဒ
လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္ဈိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး။[၈]
ဖွဲ့စည်းပုံ
- ဥက္ကဋ္ဌ - ဦးဟန်ရွှေ[၁]
- ဒုတိယဥက္ကဋ္ဌ - ဦးသိန်းထွန်း[၁]
- အထွေထွေအတွင်းရေးမှူး - ဦးထွန်းရီ[၁]
- တွဲဖက်အတွင်းရေးမှူးများ - ဦးနေဝင်း နှင့် ဦးညွန့်တင် [၁]
- ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်များ
- ဌာနကြီးမှူးများ
- ဖွဲ့စည်းပုံအဆင့်ဆင့်
- ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
- အမျိုးသားလွှတ်တော်
- ပြည့်သူ့လွှတ်တော်
- ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
- ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၄-၉-၈၈
- ပါတီအဖြစ်ဆက်လက်မှတ်ပုံတင် - ၂၅-၃-၂၀၁၀
- ပါတီမှတ်ပုံတင်ခွင့်ရရက် - ၂၉-၄-၂၀၁၀
- ၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီ
Remove ads
ဆက်လေ့လာရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads