တပ်မတော်ဒရုန်းတပ်ဖွဲ့

From Wikipedia, the free encyclopedia

တပ်မတော်ဒရုန်းတပ်ဖွဲ့
Remove ads

တပ်မတော်ဒရုန်းတပ်ဖွဲ့ သည် မြန်မာ့တပ်မတော်စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ "ဒရုန်းတပ်ဖွဲ့" ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော် (ကြည်း) နှင့် ပို၍ဆက်စပ်မှုရှိလေသည်။

အချက်တိုများ တပ်မတော်ဒရုန်းတပ်ဖွဲ့, သစ္စာခံ ...
Remove ads

သမိုင်းကြောင်း

တပ်မတော်သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစ၍ တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့ထံမှ ဒရုန်းများအား စတင်ဝယ်ယူခဲ့သည်။ တပ်မတော်(လေ)၏ လက်အောက်တွင်ထားရှိ၍ ကင်းထောက်လှမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၁၀ ဝန်းကျင်ခန့်တွင် တပ်မတော်ဒရုန်းတပ်ဖွဲ့အား ဗိုလ်ချုပ် တစ်ဦးဖြင့် ဖွဲ့စည်း၍ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လက်အောက်တွင်ထားရှိခဲ့သည်။ ထိုသို့ဖွဲ့စည်းခဲ့သော်လည်း အသုံးပြုခြင်းမရှိခဲ့ပေ။

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံတော်လှန်ရေး အင်အားစုအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒရုန်းများ၏ တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။[][]

ထို့ကြောင့်တပ်မတော်မှ ၂၀၂၄ ခုနစ်၊ မေလ ဝန်းကျင်တွင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံထံမှ ဒရုန်းပညာရှင်များ၏ အကူအညီဖြင့် တပ်မတော်ဒရုန်းတပ်ဖွဲ့များအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

Remove ads

ဖွဲ့စည်းပုံ

တပ်မတော်ဒရုန်းတပ်ဖွဲ့ကို တပ်မတော် (ကြည်း)၏ ဖွဲ့စည်းပုံအတိုင်းဖွဲ့စည်းထားသော်လည်း အချို့အစိတ်အပိုင်းများသည် ရုရှား တပ်မတော်ဒရုန်းတပ်ဖွဲ့နှင့်ဆင်တူသည်။

တပ်မတော်ဒရုန်းတပ်ဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်။[ကိုးကားချက်လိုသည်]

  • ဒရုန်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး
  • တန်ပြန်ဒရုန်း စစ်ဆင်ကွပ်ကဲရေးဌာန
  • ဒရုန်းလေ့ကျင့်ရေး သင်တန်ကျောင်းများ
  • ဒရုန်းဝယ်ယူရေးနှင့် အဆင့်မြှင့်တင်ရေးဌာန
  • ဒရုန်းပြင်ဆင်ရေးဌာန
  • ဒရုန်းနည်းဗျူဟာ လေ့လာရေးရုံး

တပ်မတော်ဒရုန်းတပ်ဖွဲ့၏ သင်တန်းကျောင်းများကို တိုင်းစစ်ဌာနချုပ်အလိုက်ထားရှိထားသည်။ သင်တန်းကျောင်းများတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ နှင့် ရုရှားနိုင်ငံမှ ပညာရှင်များက လေ့ကျင့်သင်ကြားပေးသည်။

Remove ads

ကွပ်ကဲပုံ

တပ်မတော်ဒရုန်းတပ်ဖွဲ့အား ‌လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လက်အောက်တွင်ထားရှိ၍ ကွပ်ကဲသည်။ တပ်မတော် (ကြည်း)နှင့် အတူစစ်ဆင်ရေးများ ဆောင်ရွက်ရန် တိုင်းစစ်ဌာနချုပ်အလိုက် တပ်ခွဲများထားရှိ၍ တိုင်းရုံးများမှလည်း ကွပ်ကဲသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads