တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်း From Wikipedia, the free encyclopedia

တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း
Remove ads

ဆန်မင်ကျူယီခေါ် လူထုစည်းမျဉ်းသုံးရပ်သည် ကူမင်တန်၏ ပါတီသီချင်းနှင့် တရုတ်သမ္မတနိုင်ငံမှ ၁၉၃၀ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သော နိုင်ငံတော်သီချင်းလည်းဖြစ်သည်။ တရုတ်သမ္မတနိုင်ငံ၏ အစိုးရသည် တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်ပါတီကို ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်ကျွန်းသို့ ပြောင်းရွှေ့သွားသည့် ၁၉၄၉ ခုနှစ်အထိ တရုတ်ပြည်မကြီးတွင် အသုံးပြုခဲ့သည်။ ဂျပန်တို့လက်နက်ချပြီးနောက် နိုင်ငံတော်သီချင်းကို ၁၉၄၅ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထိုင်ဝမ်၌အတည်ပြုခဲ့သည်။ ဤသီချင်းသည် ယခင်ကနိုင်ငံတော်သီချင်းအဖြစ် အသုံးပြုခဲ့သော "မင်္ဂလာရှိသောတိမ်တိုက်ဆီသို့ သီချင်း" ကို အစားထိုးခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် "စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ" သီချင်းသစ်ဖြင့် ဤနိုင်ငံတော်သီချင်းကို ဖျက်သိမ်းလိုက်သည်။

အချက်တိုများ English: National Anthem of the Republic of China, စာသား ...

နိုင်ငံတော်သီချင်း၏စာသားကို ၁၉၃၇ ခုနှစ်တွင် ဆွန်ယက်ဆင်၏ ၁၉၂၄ ခုနှစ် မိန့်ခွန်းမှ ရယူထားသည်။ စာသားများသည် နိုင်ငံသစ်၏မျှော်မှန်းချက်များကို ထိုနိုင်ငံ၏လူမျိူးများက အောင်မြင်စွာ ရယူထိန်းသိမ်းနိုင်ပုံကို ဖော်ပြလျက်ရှိသည်။[] "ဆန်မင်ကျူယီ" ဟု လူသိများသော်လည်း ထိုအမည်ကို တရားဝင်သုံနှုန်းမှုမရှိပေ။ အလံလွှင့်တင်ခြင်းအခမ်းအနားများအတွင်း နိုင်ငံတော်အလံမလွှင့်ထူမီ နိုင်ငံတော်အလံသီချင်းကို ဦးစွာတီးမှုတ်ပြီး နိုင်ငံတော်အလံကိုလွှင့်ထူနေစဉ် တရုတ်သမ္မတနိုင်ငံ၏ အလံတင်သီချင်းကိုတီးမှုတ်သည်။

Remove ads

တေးသံ

Thumb

စာသား

Thumb
မူရင်းစစ်တက္ကသိုလ်မိန့်ခွန်းအတွက် ဆွန်ယက်ဆင်၏လက်ရေး
နောက်ထပ် အချက်အလက်များ ရိုးရာတရုတ် (ဘိုပိုမိုဖိုနှင့်), ရိုးရှင်းတရုတ် (ဟန်ယုပင်ရင်နှင့်) ...

အင်္ဂလိပ်ဘာသာပြန်

နောက်ထပ် အချက်အလက်များ တရားဝင် ပြန်ဆိုမှု, စာဆန်ဆန် ပြန်ဆိုမှု ...
Remove ads

မှတ်စု

  1. မိန့်ခွန်းကိုအခြေခံ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads