တလုတ်ပင်ရွာ၊ မြို့သစ်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

တလုပ်ပင်ရွာ (အင်္ဂလိပ်: Ta Loke Pin) သည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်မြို့သစ်မြို့နယ်တလုတ်ပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၆၂၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တလုပ်ပင်ကျေးရွာအုပ်စုတွင် ကျား ၁၃၁၁ ဦး၊ မ ၁၆၄၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၉၅၄ ဦးနေထိုင်သည်။ []

အချက်တိုများ တလုပ်ပင် တလုပ္ပင်ကျေးရွာ, တလုပ်ပင်ကျေးရွာ ...

တလုပ်ပင်ကျေးရွာသည် တလုပ်ပင်ကျေးရွာအုပ်စု တွင် အုပ်စုရွာကြီး ဖြစ်ပြီး အခြားအုပ်စုဝင်ရွာများမှာ ကံကြီးကျေးရွာ၊ ကန်သာ‌ကျေးရွာမြေခြား(အရှေ့)ကျေးရွာ နှင့် မြေခြား(အနောက်)ကျေးရွာတို့ဖြစ်သည်။ အုပ်စုဝင် ရွာတရွာဖြစ်သည့် ကျောင်းစု ရွာ သည် ယခု တိမ်ကောသွားပြီးဖြစ်ပါသည်။

တလုပ်ပင်ရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တည်ရှိသည်။ အခြေခံပညာရေးအလယ်တန်းကျောင်း(ခွဲ)နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့ တည်ရှိသည်။

ကျေးရွာနေ ပြည်သူအများစု သည် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး ဘုန်းတော်ကြီးကျောင်း ၃ ခုရှိပါသည်။ ၎င်းတို့မှာ ပေကုန်းကျောင်းတိုက်၊ ရွှေဆံမျှင်ကျောင်းတိုက် နှင့် ချိုင်းကျောင်း ကျောင်းတိုက်တို့ ဖြစ်သည်။ စေတီများစွာ တည်ရှိပြီး ကန်ကုန်းကန်မြင့်စေတီတော် နှင့် ပြည်တော်သာဆုတောင်းပြည့်စေတီ တို့မှ ထင်ရှားသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads