တောင်သားလူမျိုး

မြန်မာနိုင်ငံရှိ အသိအမှတ်ပြုမထားသော လူမျိုးစု From Wikipedia, the free encyclopedia

တောင်သားလူမျိုး သို့မဟုတ် ရောင်တူလူမျိုး[] သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်မပြုထားသည့် လူမျိုးအုပ်စုတစ်ခု ဖြစ်ပြီး[] မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် နေထိုင်ကြသည်။[] တောင်သားလူမျိုးအား တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[] တောင်သားလူဦးရေသည် ၃၀,၀၀၀ မှ ၃၅,၀၀၀ အကြားရှိမည်ဟု ခန့်မှန်းထားသည်။[][]

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...
တောင်သားလူမျိုး
လူဦးရေ စုစုပေါင်း
၃၀၀၀၀ – ၃၅၀၀၀
အများစု နေထိုင်သည့် နေရာ
မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဘာသာစကား
ရုန်းတူဘာသာစကားမြန်မာဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ၊ ရိုးရာနတ်
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဗမာလူမျိုး
ပိတ်ရန်

တည်နေရာ

တောင်သားလူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းမကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်တွင် ချင်းပြည်နယ်နှင့် နယ်စပ်ဒေသ၌ ရွာများအနေဖြင့် ပျံ့နှံ့နေထိုင်ကြသည်။[][] ထီးလင်းမြို့နယ်တွင် ၂၃ ရွာ၊ ဂန့်ဂေါမြို့နယ်တွင် ၃ ရွာနှင့် ဆောမြို့နယ်တွင် ၂၂ ရွာ ဖြစ်သည်။[]

သမိုင်းကြောင်း

တောင်သားလူမျိုးများ၏ ဇစ်မြစ်မှာ ရှင်းလင်းခြင်းမရှိပေ။ တောင်သားလူမျိုးများသည် ပျူလူမျိုးများမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ပုဂံခေတ်ကာလတွင် တောင်သားလူမျိုးများသည် ပုပ္ပားအရပ်ဒေသမှ ယခုနေထိုင်ရာ အရပ်ဒေသသို့ ပြောင်းရွှေ့လာကြသည့် ပျူလူမျိုးများဖြစ်သည်ဟု ယုံကြည်ကြပြီး[] "တောင်သား" ဟူသည်မှာ "တောင်တန်းများ၏ သား" သို့မဟုတ် "တောင်ပိုင်းသား" ဟု ဆိုသည်။[] တောင်သားလူမျိုးများသည် သမုဒ္ဓရာဇ်မင်းကြီး အုပ်စိုးစဉ်ကာလကတည်းက တည်ရှိခဲ့သူများဖြစ်သည်ဟု ဆိုကြသည်။[] တောင်သားလူမျိုးတို့ ပြောဆိုသော ရုန်းတူဘာသာစကားသည် တောင်ပိုင်းကူကီး-ချင်းနွယ် ဘာသာစကားများအုပ်စုဝင်ဖြစ်ပြီး ချင်းပြည်နယ်ပြင်ပနေ ချင်းစကားပြောလူမျိုးများနှင့် ဆင်တူသော်လည်း တောင်သားလူမျိုးများသည် ချင်းမျိုးနွယ်ဟု မသတ်မှတ်ကြပေ။[၁၀]

တရားဝင်အသိအမှတ်ပြုမှု

ယခင်က တောင်သားလူမျိုးအား မှတ်ပုံတင်တွင် "တောင်သား"ဟု ဖော်ပြခဲ့သော်လည်း ယခုအခါတွင် ဗမာလူမျိုးအဖြစ်သာ မှတ်တမ်းရေးသွင်းလျက်ရှိသည်။[၁၁] ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ဦးကျော်မြင့်က တောင်သားလူမျိုးများအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်း၍ ကုတ်နံပါတ်ရရှိရေးအတွက် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလျက် တိုင်းအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန်အဆိုကို တင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[][၁၂] was to preserve the cultural heritage, literature, and language of the Taungtha people.[၁၃] ကန့်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက တိမ်မြုပ်ပျောက်ကွယ်လုနီး တိုင်းရင်းသားများကိုဖော်ထုတ်ခြင်းကို ထောက်ခံခဲ့သော်လည်း တောင်သားမျိုးနွယ်တို့၏ သမိုင်းအချက်အလက်များကို ပြုစုစစ်ဆေးရန်အတွက် နက်နဲကျယ်ပြန့်ပြီး ပညာရှင်များပါဝင်ရမည့် အခြေအနေနှင့် ငွေကြေးသုံးစွဲရမည့် အခြေအနေများကို ထောက်ပြခဲ့ကြသည်။[]

ဘာသာစကား

အခြားကြည့်ရန်။ ရုန်းတူဘာသာစကား

တောင်သားလူမျိုးများသည် တောင်ပိုင်းကူကီး-ချင်းနွယ် ဘာသာစကားများအုပ်စုဝင် ရုန်းတူဘာသာစကားအပြင် ဗမာဘာသာစကားကိုလည်း ပြောဆိုကြသည်။ ကိုလိုနီခေတ်တွင် တောင်သားနှင့် မွင်းဘာသာစကားတို့သည် အရှိုချင်းဘာသာစကားနှင့် နီးစပ်ကြောင်း ပညာရှင်များက လေ့လာမှတ်သားခဲ့သည်။[၁၄] တောင်သားတို့သည် စာပေရေးသားသည့် ဘာသာစကားမရှိသလို ပြောဆိုသည့် ဘာသာစကားမှာလည်း ပျောက်ကွယ်လုနီး ဖြစ်နေသည်။ တောင်သားလူမျိုးတို့ ပြောဆိုသော ဘာသာစကားတွင် မြောက်ပိုင်း (ထီးလင်းမြို့နယ်) နှင့် တောင်ပိုင်း (ဆောမြို့နယ်) လေသံဟူ၍ ကွဲပြားသည်။[]

ယဉ်ကျေးမှု

ဝတ်စားဆင်ယင်မှု

ယောက်ျားများသည် ဗမာ‌လူမျိုးများကဲ့သို့ ပင် ဝတ်ဆင်ကြသည်။ သိုသော် လုံချည်ကို ပခုံးတွင် တင် ထားသည်။ မိန်းမများသည် (တောင်သမဝတ်) ဟုခေါ်သော အဖြူရောင် ဝတ်လုံရှည်နှင် အနီရောင်နှင် အမည်းရောင်ပုဝါကို ရင်သားမှ ခါးအထိ ဝတ်ဆင်ကြသည်။[] ပုဝါ၏အရောင်သည် အမျိုးသမီးတစ်ဦး၏ အသက်အရွယ်နှင့် အိမ်ထောင်ရေးကို ပြောပြသည်။ မိန်းကလေးများသည် အဖြူရောင်ပုဝါကို ဝတ်ဆင်ကြပြီး၊ အမျိုးသမီးငယ်အပျိုများသည် အနီရောင်ပုဝါကို ဝတ်ဆင်ကြပြီး၊ အိမ်ထောင်သည် အမျိုးသမီးများသည် အမဲအရောင် ပုဝါကို ဝတ်ဆင်ကြသည်။[]

နေထိုင်မှု

တောင်သားလူမျိုးတို့သည် လယ်ယာနှင့် ခြံများ စိုက်ပျိုးလုပ်ကိုင်ကြ၏။ စပါး၊ ပဲ၊ ‌ရှောက်၊ လိမ္မော်၊ ကြက်သွန်၊ ငရုတ် စသည့် ‌ကောက်ပဲသီးနှံများ စိုက်ပျိုးကြသည်။[] ‌နေထိုင်စား‌သောက်ရာတွင် ‌ဒေါင်းလန်းကြီးတစ်ခု တွင် ထမင်းဟင်းပြည့်စုံစွာထည့်၍ အိမ်သားအားလုံးဝိုင်းဖွဲ့ကာ လက်‌ရေတစ်ပြင်တည်း စား‌သောက်‌လေ့ရှိသည်။‌[] တောင်သားလူမျိုး အပျိုလူပျိုသည် မိဘသ‌ဘောတူသူနှင့်သာ လက်ထပ်ရ ‌လေသည်။[၁၅] ရိုးရာအိမ်များကို သစ်သားဖြင့်တည်ဆောက်ထားပြီး သံချောင်းများမပါရှိဘဲ သစ်သားပတ္တာများကို အသုံးပြု၍ အဆောက်အဦများ တွဲချိတ်ထားသည်။

ဘာသာရေး

တောင်သားလူမျိုးတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာနှင် ရိုးရာနတ် ကိုးကွယ်ကြသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.