တောဝက်
နို့တိုက်သတ္တဝါမျိုးစိတ် From Wikipedia, the free encyclopedia
Remove ads
တောဝက် (Wild Boar) သည် ဝက်အမျိုးအနွယ် ဆွီဒေး(Suidae) မျိုးရင်း တွင် ပါဝင်ပြီး အာတီယိုဒတ်တိုင်း မျိုးစစ်ဖြစ်သည်။ သူတို့သည် ယနေ့အချိန်တွင် ကမ္ဘာအရပ်ရပ်ရှိ နေရာဒေသတိုင်းလိုလိုတွင် ကျက်စားလေ့ ရှိကြပြီး ၎င်းတို့၏ စားကျက် မဟုတ်သော နေရာများတွင်ပင် ကျင်လည်နေထိုင်ကြသည်။[၃]
တောဝက်တို့သည် အစုံစားသတ္တဝါများ ဖြစ်ကြပြီး ပတ်ဝန်းကျင် အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ကြသည်။ ရှေးခေတ်အခါက ဥရောပတွင် ၎င်းတို့ကို ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အတွက် အမဲလိုက်ခြင်း ခံခဲ့ရပြီး ရှေးခေတ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့၏ ဒဏ္ဍာရီ ပုံပြင်များတွင် ပါဝင်ခဲ့ကြသည်။ ဂရိ၊ ဖိုနီးရှင်း နှင့် ပါရှန်းဒဏ္ဍာရီတို့တွင် ၎င်းတို့အား ကြမ်းကြုတ်သော သတ္တဝါများအဖြစ် ဖော်ပြလေ့ ရှိကြပြီး အချို့က မကောင်းဆိုးဝါး အဖြစ်ပင် ဖော်ပြတတ်ကြသည်။ အချို့ကမူ ၎င်းတို့အား ရဲရင့်ပြီး ခွန်အားကြီးမားသော သတ္တဝါများ အဖြစ် ဖော်ပြလေ့ ရှိကြသည်။ အချို့ကမူ ၎င်းတို့အား ဒုက္ခပေးတတ်ပြီး တခြားတိရစ္ဆာန်များ အပေါ် ဒုက္ခပေးတတ်သော သတ္တဝါများ အဖြစ် မြင်လေ့ ရှိကြသည်။ ယနေ့တိုင်အောင်ပင် လူတို့သည် တောဝက်တို့ကို အမြင် အမျိုးမျိုးဖြင့် ရှုမြင်လေ့ ရှိကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads