တြိဂံဒေသတိုင်းစစ်ဌာနချုပ်
ကျိုင်းတုံမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia
Remove ads
တြိဂံဒေသတိုင်းစစ်ဌာနချုပ် (အတိုကောက် တသခ) သည် ကျိုင်းတုံမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အဓိက တာဝန်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။
လက်ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် စိုးလှိုင် - ကြည်း - ၂၉၂၀၈ (တေဇ - ၂၄) ဖြစ်သည်။
Remove ads
သမိုင်း
၁၉၆၁ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ရပခလက်အောက်ရှိ မြောက်ပိုင်းဒေသအား ခွဲထုတ်၍ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။၁၉၉၆ခုနှစ်တွင် ရှမ်းပြည်အရှေ့ပိုင်းဒေသကိုခွဲထုတ်ကာ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဟူ၍ ဖွဲ့စည်းခဲ့သည်။[၁][၂] နိုင်ငံတော်သမ္မတ အငြိမ်းစား ဦးသိန်းစိန် နှင့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့မှာ တိုင်းမှူးများအဖြစ် ဆောင်ရွက်ခဲ့ကြဖူးသည်။
Remove ads
ဖွဲ့စည်းပုံ
စစ်ဗျူဟာများ
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
- ဗိုလ်ချုပ် သိန်းစိန် (ကြည်း - ၁၁၂၅၂) (စတသ - ၉)
- ဗိုလ်ချုပ် ချစ်သန်း (စတသ - ၁၅)
- ဗိုလ်ချုပ် မင်းအောင်လှိုင် (ကြည်း - ၁၄၂၃၂) (စတသ - ၁၉)
- ဗိုလ်ချုပ် ကျော်ဖြိုး (ကြည်း - ၁၆၅၂၁) (စတသ - ၂၂)
- ဗိုလ်ချုပ် သန်းထွန်းဦး (ကြည်း - ၁၇၄၃၂)
- ဗိုလ်ချုပ် အောင်ဇော်အေး (ကြည်း - ၂၀၁၇၅) (စတသ - ၂၈)
- ဗိုလ်ချုပ် ခင်လှိုင် (ကြည်း - ၂၂၃၈၃) (တေဇ - ၁၇)
- ဗိုလ်ချုပ် မျိုးမင်းထွန်း (ကြည်း - ၂၇၉၈၄) (တေဇ - ၂၃)
- ဗိုလ်ချုပ် နီလင်းအောင် [၃] (ကြည်း - ၂၇၁၆၀) (စတသ - ၃၇)
- ဗိုလ်ချုပ်အောင်ခိုင်ဝင်း[၄] (ကြည်း - ၂၅၉၅၇) (စတသ - ၃၆)[၅]
- ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် စိုးလှိုင် ယခင်တတက၁၂ကျောင်းအုပ်ကြီး တပ်မ၉၉တပ်မမှူး ရမခတိုင်းမှူး(ကြည်း - ၂၉၂၀၈) (တေဇ - ၂၄)
Remove ads
ကိုးကား
နောက်ထပ်ကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads