နီလင်းအောင်

ရဲချုပ် နှင့် ပြည်ထဲရေးဒုဝန်ကြီး From Wikipedia, the free encyclopedia

Remove ads

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သည် မြန်မာလူမျိုး တပ်မတော် အရာရှိကြီး တစ်ဦးဖြစ်ပြီး လက်ရှိတွင် တပ်မတော်စစ်ဆေးရေး အရာရှိချုပ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။[]သူသည် ယခင်က ခေတ္တ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး နှင့် [] ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရဲချုပ် အဖြစ်လည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[][][]

အချက်တိုများ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်, တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ...
Remove ads

စစ်မှုထမ်းခြင်း

ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် စစ်တက္ကသိုလ်အပါတ်စဉ် ၃၇ ဆင်းဖြစ်သည်။သူသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မဖြစ်ခင် တပ်မတော်တွင် တိုင်းမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။နောက်ဆုံး တာဝန်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။ယင်းမတိုင်ခင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးကို ၂၀၂၃ ဇူလိုင်လ တွင်မှ ရရှိလာခြင်းဖြစ်သည်။[] [][၁၀][၁၁] သူသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး တာဝန် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် တာဝန် အပ်နှင်းခံရသည်။

၂၀၂၄ ခုနှစ် ဩဂုတ် လ ၃ရက်နေ့တွင် ၎င်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ထိုတာဝန်များမှနေ၍ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခဲ့သည်။ထို့နောက် သူသည် လားရှိုးမြို့အား ကိုးကန့်တပ် ကသိမ်းပိုက်ပြီးနောက် ရာထူးချခံလိုက်ရသည့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး နေရာသို့ ခေတ္တအစားထိုး တာဝန်ယူခဲ့ရသည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဖြစ်လာခဲ့သည်။

Remove ads

အရေးယူပိတ်ဆို့ခံရမှု

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့သော အရပ်သား ၃၅ယောက်သတ်ဖြတ်ခဲ့ရမှုတွင် အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး ယင်းကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုက ၎င်းကို အရေးယူပိတ်ဆို့ထားသည်။[၁၂][၁၃][၁၄][၁၅][၁၆]

မိသားစုဘဝ

ဇနီးဖြစ်သူမှာ ဒေါ်လဲ့လဲ့မာ ဖြစ်ပြီး သားသမီး ၂ဦးရှိသည်။[၁၇]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads