ထန်းတပင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင် From Wikipedia, the free encyclopedia

ထန်းတပင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)map
Remove ads

ထန်းတပင်မြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးမှော်ဘီခရိုင်တွင် တည်ရှိသည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်းတပင်မြို့ ဖြစ်ပြီး ကုက္ကိုဝမြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာနေရာ၏ တောင်ဘက်ပိုင်း၊ လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။[]

အချက်တိုများ ထန်းတပင်မြို့နယ်, နိုင်ငံ ...

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ထန်းတပင်မြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးရန်အတွက် ထူးကုမ္ပဏီမှ ၂၇၀ မဂ္ဂဝက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို ထန်းတပင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည်။[]

Remove ads

လူနေထိုင်မှု

ထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၉ ခုနှင့် ကျေးရွာပေါင်း ၂၃၀ တည်ရှိသည်။[]

ထန်းတပင်မြို့နယ်တွင် မြို့ပေါ်ရှိ အိမ်ခြေ (၁၆၅၁)အိမ်၊ အိမ်ထောင်စု (၁၇၅၆)စုရှိပြီး ကျေးလက်နေ အိမ်ခြေ (၂၆၄၈၀)အိမ်၊ အိမ်ထောင်စု(၂၆၇၁၉)စုရှိရာစုစုပေါင်း အိမ်ခြေ (၂၈၁၃၁)အိမ်နှင့်အိမ်ထောင်စု(၂၈၄၇၅)စုရှိသည်။

နယ်နမိတ်များ

မြို့နယ်၏ အရှေ့ဘက်တွင် လှိုင်မြစ်မှ ဝန်းရံထားသည်။ အနောက်တောင်ဘက်တွင် ပန်းလှိုင်မြစ် နှင့် အနောက်ဘက်ပိုင်းတွင် ဘောလယ်မြစ်တို့က အသီးသီး ဝန်းရံထားသည်။[] အနောက်မြောက်ဘက်တွင် ဇလွန်မြို့နယ် (ဧရာဝတီတိုင်းဒေသကြီး)၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် တိုက်ကြီးမြို့နယ်၊ အရှေ့ဘက်တွင် မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်၊ အရှေ့တောင်ဘက်တွင် လှိုင်သာယာမြို့နယ် နှင့် အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၏ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များက အသီးသီး ဝန်းရံထားသည်။[]

Remove ads

အထွေထွေ အချက်အလက်များ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, အရေအတွက် ...

အိမ်ထောင်စု အချက်အလက်များ

စုစုပေါင်း လူဦးရေ
နောက်ထပ် အချက်အလက်များ ၀-၄ နှစ်, ၅-၉ နှစ် ...
Remove ads

ဘုရား စေတီပုထိုးများ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads