ဒိုက်ဦးမြို့

From Wikipedia, the free encyclopedia

Remove ads

ဒိုက်ဦးမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။[]

အချက်တိုများ ဒိုက်ဦးမြို့, နိုင်ငံ ...

ဒိုက်ဦးသည် ရန်ကုန်-မန္တလေးသွား မော်တော်ကားလမ်းနှင့် မီးရထားလမ်းမထက်၌ တည်ပြီး ရန်ကုန်မှ ကားလမ်းဖြင့် ၈၈ မိုင်၊ မီးရထားလမ်းဖြင့် ၈၁.၂၅ မိုင် ကွာဝေးသည်။

Remove ads

ဒိုက်ဦးအမည်တွင်လာပုံ

ဒိုက်ဦးသည် မွန်အမည် ဍာ်အုဲ (အသံထွက် ဒိုက်အွီး)မှ ဆင်းသက်လာပြီး၊ ဒိုက်မှာ ရေ၊ အွီးမှာ ပုပ်သည်ဟု ဆိုလိုရာ ရေပုပ်ဟု အဓိပ္ပာယ် ရသည်။ ရှေးဟောင်းမွန်မြို့တော် ဖြစ်သော ကောလိယမြို့ စီရင်စုနယ်မြေအတွင်း တည်ရှိပြီး၊ ကောလိယချောင်းမှ ရေလျှံကာ ရေပြန်ကျသွားချိန်တွင် ချိုင့်ဝှမ်းများ၌ ရေပုပ် ကျန်ရစ်ရာမှ ဤသို့ ခေါ်တွင်သည်ဟု ဆိုသည်။ အချို့ကလည်း ဍ်ာမအုဟ် ဟူသော မွန်စကားမှ ဒိုက်ဦးဖြစ်လာသည်ဟုဆိုသည်။ ရေများသောအရပ်ဟု သတ်မှတ်ကြသည်။ နောက်ထပ်တစ်မျိုးမှာ ဒိုက်ဟူသောစကားမှာ မွန်စကားတွင် ဍာ် ကိုမြန်မာအသံထွက်ဖြင့်ခေါ်ရာမှ ဒိုက် ဟုဖြစ် လာခြင်းဖြစ်သည်။ ရေဟု အဓိပ္ပာယ်ရသည်။ ဦးမှာ မွန်စကား ဟဦး ကိုမြန်မာအသံဖြင့်ခေါ်ရာမှ ဦး ဖြစ်လာခြင်း ဖြစ်သည်။ လျှံကြီးခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဒိုက်ဦး၏အဓိပ္ပာယ်မှာ ရေလျှံခြင်း ရေကြီးခြင်း တနည်း အားဖြင့် ရေဖုံးလွှမ်းသောအရပ်ဟု ဆိုရပေမည်။ နောက်တမျိုးပြောကြသေးသည်မှာ ၁၈၇၈ ခုနှစ်တွင် ရန်ကုန်မှ ပြွန်တန်ဆာအထိ မီးရထားလမ်းဖေါက်လုပ် ရာတွင် ဒိုက်ဦးတည်နေရာ၌ အိုးအိမ်များမရှိပဲနှင့် နှစ်ထပ်ဘူတာရုံ ဆောက်လုပ်ခဲ့သည်။ ထို့ကြောင့်ပါတ်ဝန်း ကျင်ကျေးရွာများဖြစ်သော ဖအောင်ဝဲ၊ ဖောင်တော်သီ၊ ကမာဖရုံ၊ ကတုတ်၊ ရှမ်းစု၊ ဆာပါခြုံ၊ ရွှေအင်ဒုံ၊ ဖအောင်းစု ရွာများမှ ခရီးသွားလိုသည့်အခါ ဆိုက်ဆိုက်မြိုက်မြိုက်ဦးတိုက်လာ၍ ဆိုက်ဦး တိုက်ဦး မှ ဒိုက်ဦး ဖြစ်လာသည်ဟုဆိုသည်။ အထောက်အထားအဖြစ် ပထမဦးဆုံးမြို့ပိုင်ဦးအောင်ကျော်၏ သမီးအုတ်ဂူတွင် တိုက်ဦးဟု ရေးထိုးထားသည်ကိုတွေ့ရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads