ဒိုက်ဦးမြို့နယ်

မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia

ဒိုက်ဦးမြို့နယ်
Remove ads

ဒိုက်ဦးမြို့နယ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒိုက်ဦးမြို့ ဖြစ်သည်။

အချက်တိုများ ဒိုက်ဦးမြို့နယ်, နိုင်ငံ ...
Remove ads

တည်နေရာ၊ အကျယ်အဝန်း

မြောက်လတ္တှီကျူ ၈၇ံ ၅၀´ အရှေ့လောင်ဂျီကျူ ၉၇ံ ၄၈ ´ တွင်တည်ရှိသည်။ ကားလမ်းမိုင်တိုင် အမှတ် (၇၀/၀) မှ (၈၈/၀) အထိရှိသည်။ ရထားလမ်းမိုင်တိုင်အမှတ်မှာ ၆၆/၀ မှ ၈၄/၀ အထိရှိသည်။ အကျယ်အဝန်းမှာ အလျား ၂၆ မိုင်၊ အနံ ၁၉ မိုင် ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၄၇၉ . ၀၃ ရှိပြီး ဧကပေါင်း ၃၀၈၀ . ၉၇ ဧက ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်၊ အနောက်ဘက်တွင် ပဲခူးရိုးမကြိုးဝိုင်းသစ်တော၊ တောင်ဘက်တွင် ပဲခူးမြို့၊ မြောက်ဘက်တွင် ပြွန်တန်ဆာမြို့တို့ တည်ရှိသည်။ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၄ ကျေးရွာငယ်ပေါင်း ၁၇၈ ရွာတို့ပါ ဝင်သည်။

မြို့ပေါ်ရပ်ကွက်များ

  1. ဈေးပိုင်း
  2. ကုန်သည်
  3. ဝါဆို
  4. ကျောင်းစု
  5. သံတံတား
  6. မင်းတဲ
  7. စက်ကွင်း
  8. ဒရယ်မီး
  9. ဖအောင်ဝဲ

ထိုရပ်ကွက်ပေါင်း ၉ ရပ်ကွက်တွင် ၁၈ နှစ်အောက် ကျား/မ ပေါင်း ၁၃၀၆၂ ယောက်။ ၁၈ နှစ်အထက် ကျား/မပေါင်း ၂၄၆၃၇ ယောက်နှင့် စုစုပေါင်းလူဦးရေ ၃၇၆၉၉ ယောက်တို့ရှိသည်။

ကျေးရွာအုပ်စုများ

  1. ဆင်စခန်းကျေးရွာ
  2. ကျွန်းကုန်း
  3. အိမ်ခြေလေးဆယ်
  4. သဲကော
  5. သရက်တော
  6. ပျဉ်ပုံလေး
  7. သပြေတန်း
  8. ပသွယ်
  9. ရှမ်းစု
  10. ဖေါင်တော်သီ
  11. ပေါက်တပင်
  12. ကံကလေး
  13. ကုက္ကိုင်း
  14. အင်းသဇင်
  15. ပွဲတမော့
  16. ပျဉ်းမလွင်
  17. ကတုတ်ရွာမ
  18. ကတုတ်ဘုရားကြီး
  19. တမံကြီး
  20. ဗျိုင်းချယ်
  21. ဘောနီ
  22. မအူတန်း
  23. ကျိုက်စကောအရှေ့
  24. ကျိုက်စကောအနောက်
  25. ဘုရားကြီးကွင်း
  26. နတ်ကင်း
  27. ပုကိုင်
  28. မင်္ဂလွန်း
  29. သုံးခွ
  30. ပနွတ်
  31. ကလိ
  32. ဖအောင်းစု
  33. ကမာဖရုံ
  34. တကောင်း
  35. ရွှေအင်ဒုံ
  36. ဒိုးတန်း
  37. ဆာပါခြုံ
  38. တောင်သလဲမြှောင်
  39. စစ်ဘိုကြီး
  40. ဗျက်ကြီး
  41. ဆင်ဇလုပ်
  42. အုတ်ရှစ်ကုန်း
  43. မှော်အင်း
  44. ပုဂံကွဲ

၂၀၁၁ လူဦးရေစာရင်းအရ ထိုကျေးရွာတို့တွင် အသက် ၁၈ နှစ်အောက် ကျား/မ ၇၄၃၄၁ ယောက်။ ၁၈ နှစ်အထက် ကျား/မ ပေါင်း ၁၁၆၂၂၇ ယောက် နှင့် စုစုပေါင်း ကျား/မ ဦးရေ ၁၉၀၅၆၈ တို့ရှိကြသည်။

Remove ads

မြေမျက်နှာသွင်ပြင် ၊ ရေဆင်း

ဒိုက်ဦးမြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ အနောက်ဘက်ခြမ်းတွင် ပဲခူးရိုးမရှိပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားသည့် မြေနိမ့်လွင်ပြင်ဖြစ်သည် ။ မိုးရေချိန်လက်မအများဆုံး တစ်နှစ်ပျမ်းမျှ ( ၁၆၇ ) နှင့် အနည်းဆုံး ( ၁၀၉ ) လက်မရရှိသည် ။ ဒရယ်မီးချောင်း ၊ ကောလိယချောင်း ၊ ဘိုင်းဒါးချောင်း ၊ ကတုတ်ချောင်း ၊ ဘောနီချောင်းများ က အနောက်မှအရှေ့သို့ဖြတ်သန်းစီးဆင်းသည် ။

လူဦးရေ ၊ လူမျိုး ၊ ကိုးကွယ်သည့်ဘာသာ

ဒိုက်ဦးမြို့တွင် မြို့ပေါ်နေ ကျား/ မပေါင်း ( ၃၇၆၉၉ ) ယောက်ရှိပြီး ၊ ကျေးလက်နေ ကျား/ မပေါင်း ( ၁၅၂၈၆၉ ) ယောက်ရှိသည် ။ အိမ်ထောင်စုပေါင်း မြို့ပေါ်တွင် ( ၇၂၄၈ ) ရှိပြီး ကျေးလက်တွင် ( ၃၀၆၃၀ ) ရှိသည် ။ အိမ်ခြေပေါင်း မြို့ပေါ်တွင် ( ၆၉၇၈ ) ရှိပြီး ၊ ကျေးလက်တွင် ( ၃၀၁၀၀ ) ရှိသည် ။ လူဦးရေပျှမ်းမျှ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ( ၁၅၃ .၃ ) ဦးဖြစ်သည် ။ အိမ်ထောင်စုတစ်ခုစီ၏ ပျှမ်းမျှလူဦးရေမှာ ( ၄ . ၃ ) ဖြစ်သည် ။ ဒိုက်ဦးမြို့နယ်အတွင်းနေ ထိုင် နိုင်ငံခြားသားများအဖြစ် တရုတ် ( ၃၆ ) အိန္ဒိယ ( ၁၇ ) ပါကစ္စတန် ( ၁ ) နှင့် စုစုပေါင်း ( ၅၄ ) တို့ဖြစ်သည် ။ တိုင်းရင်းသားများမှာ ကချင် ( ၁၀ ) ၊ ကရင် ( ၄၀၁၂ ) ၊ ချင်း ( ၁၀၈၂ ) ၊ ဗမာ ( ၁၈၂၃၃၅ ) ၊ မွန် ( ၂၅ ) ၊ ရခိုင် ( ၅၁ ) ၊ ရှမ်း ( ၄၁၂ ) ၊ အခြား ( ၂၆၅၁ ) နှင့် စုစုပေါင်း ( ၁၉၀၅၆၈ ) တို့ဖြစ်ကြသည် ။

ဗုဒ္ဓဘာသာကိုးကွယ်သူ ( ၁၈၆၃၅၉ ) ဦးရှိပြီး၊ခရစ်ယာန်ဘာသာကိုးကွယ်သူ( ၂၆၂၅ ) ဦး၊ ဟိန္ဒူဘာသာကိုးကွယ် သူ ( ၁၅၇ ) ဦး ၊ အစ္စလန်ဘာသာကိုးကွယ်သူ ( ၁၄၂ရ ) ဦး ရှိသည် ။

စိုက်ပျိုး မွေးမြူရေး

ဒိုက်ဦးမြို့နယ်အတွင်းတွင် စိုက်ပျိုးမြေ ဧက ( ၁၈၁၃၃၅ ) ၊ သစ်တောမြေ ဧက ( ၉၅၂၁၈ ) ၊ တောရိုင်းဧက ( ၂၀၂ ) ၊ မြေလွတ်မြေရိုင်း ဧက ( ၁၅၈၇ ) ၊ မစိုက်ပျိုးနိုင်သောမြေဧက ( ၃၉၇၅၅ ) နှင့် စုစုပေါင်း ( ၃၁၈၀၉၇ ) ဧကရှိသည် ။ အသားတင်စိုက်ပျိုးမြေအဖြစ် လယ်မြေ ( ၁၆၉၉၅၂ ) ဧက ၊ ယာမြေ ( ၅၃၂၀ ) ဧက ၊ ကိုင်းကျွန်း မြေ ( ၄၃ ) ဧက ၊ ဥယျဉ်မြေ ( ၆၀၂၀ ) ဧက ၊ အခြားမြေ ( ၄၆၆၅၅ ) ဧကတို့ဖြစ်သည် ။ စိုက်ပျိုးသီးနှံများအဖြစ် ဆန်စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ မတ်ပဲ ၊ ပဲတီစိမ်း ၊ အစေ့ထုတ်ပြောင်း ၊ ပဲစဉ်းငုံ ၊ ကြံ ၊ ဝါ ၊ တို့ကိုစိုက်ပျိုးကြသည် ။ မွေးမြူရေးအဖြစ် ကျွဲ ( ၂၃၈၅၆ ) ကောင် ၊ နွား ( ၄၉၃၃၃ )ကောင် ၊ ကြက် ( ၇၇၅၅၁၈ ) ကောင် ၊ ဝက် ( ၅၈၄၁၂ ) ကောင် ၊ ဘဲ ( ၄၂၄၅၀၀ ) ကောင် ၊ သိုး / ဆိတ် ( ၁၅၂၃ ) ကောင် ၊ ငါးမွေးမြူရေး ဧက ( ၂၅၃ . ၁၅ ) တို့ဖြစ်သည် ။


Remove ads

အထင်ကရပုဂ္ဂိုလ်

  • ညိုညိုယဉ် ( ဒိုက်ဦး )
  • မြန်မာ့အသံဦးသိန်းဟံ
  • သုတေသီမောင်မောင်
  • ကောလိယလှိုင်းယဉ်
  • နေတင်မြင့်
  • ခင်မြင့်မြင့် (မယ်ဗမာ ၁၉၆၁)
  • မိုးမိုး (အင်းလျား)
  • စင်ကာပူနိုင်ငံသား ချိရှန်းဘဏ်ဥက္ကဋ္ဌ လင်ချိရှန်း
  • စာရေးဆရာ ရွှေဥဩ (ကတုတ်ရွာ)
  • မြင့်သိင်္ဂီမော် (ဖောင်တော်သီ)[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads