ဒီပဲယင်းမြို့

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia

Remove ads

ဒီပဲယင်းမြို့ သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ဒီပဲယင်းမြို့ကို လယ်တီဆရာတော်၏ အသုံးအနှုံးမှာ ဒီပါရင်း ဖြစ်သည်။

အချက်တိုများ ဒီပဲယင်းမြို့, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

ရွှေဘိုမြို့၏ အနောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိပြီး စစ်သူကြီး မဟာဗန္ဓုလအပါအဝင် ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားသူများ ပေါ်ထွက်ရာ အရပ်ဒေသဖြစ်သည်။[][] နောင်တော်ကြီးမင်းသည် ၁၇၆၀ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ဒုတိယမြောက်မင်းအဖြစ် မဖြစ်မီက ဒီပင်းယင်းကို အုပ်ချုပ်ရသော မင်းသားတစ်ပါး ဖြစ်ခဲ့သည်။ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်ခဲ့သော အိမ်ရှေ့စံ သတိုးမင်းစောသည်လည်း ဒီပဲယင်းမှပင် ဖြစ်သည်။ ၁၈၀၈ ခုနှစ်တွင် သတိုးမင်းစော၏ သားဖြစ်သူ စစ်ကိုင်းမင်းသား (နောင်တွင် ဘကြီးတော်မင်း) သည် ဒီပဲယင်းမင်းသားဘွဲ့ကို ဆက်ခံခဲ့သည်။[]

၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့သည် မြန်မာ့နိုင်ငံရေးတွင် အာရုံစိုက်လာခြင်း ခံခဲ့ရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ဒီပဲယင်းအရေးအခင်းသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။[]

Remove ads

လမ်းပန်းဆက်သွယ်ရေး

ဒီပဲယင်းမြို့သည် မုံရွာမြို့ဘုတလင်မြို့ရေဦးမြို့နှင့် ခင်ဦးမြို့များနှင့် ကားလမ်းဖြင့် ဆက်သွယ်ထားသည်။[]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads