ဒီပဲယင်းမြို့နယ်

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia

ဒီပဲယင်းမြို့နယ်map
Remove ads

ဒီပဲယင်းမြို့နယ် (ယခင်အမည် တပယင်း) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒီပဲယင်းမြို့ ဖြစ်သည်။

အချက်တိုများ ဒီပဲယင်းမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းများ

၂၀၂၄

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက် တွင် ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့သည်။[] အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ခရိုင်တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုက အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၄၀ ကျော်သာ ကွာဝေးသည့် ဒီပဲယင်းမြို့ကို ဩဂုတ် ၁၅ ရက် ညနေပိုင်းမှ စတင်တိုက်ခိုက်ပြီးနောက် သုံးရက်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။[]

၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာပြင်းထန်ခဲ့သည့် ကလေးငယ် ၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။[]

Remove ads

ကျော်ကြားသောပုဂ္ဂိုလ်များ

စစ်သူကြီး မဟာဗန္ဓုလသည် ဒီပဲယင်းမြို့တော်ဝန် ဖြစ်ခဲ့ဖူးသည်။ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီး ငပယင်းရွာ ဖြစ်သည်။ ရဟန်းစာဆို ရှင်အဂ္ဂသမာဓိအကျော်၏ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီးက ကန်ဖျားရွာဖြစ်သည်။ လယ်တီဆရာတော် ဘုရားကြီးသည် ဒီပဲယင်းအနီး စိုင်းပြင်ရွာဇာတိ ဖြစ်သည်။ ဒီပဲယင်းဆရာတော်ဟု နာမည်ကျော်ကြားသည့် ဒုတိယရွှေကျင် သာသနာပိုင် ဆရာတော်ကြီးသည်လည်း ဒီပဲယင်းအနီး ကန်ဖျားရွာ ဇာတိဖြစ်သည်။ အလားတူ တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ ဆရာတော်ကြီးသည်လည်း ဒီပဲယင်းနယ်မှ ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။ ဂဠုန်ဆရာစံ၏ ဖွားရာဇာတိမှာ ဒီပဲယင်းအနီး သရက်ကန်ရွာ ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဆရာ သာသနာပိုင်ဆရာတော် အတုလယသသည် ဒီပဲယင်းနယ် ဥသျှစ်ကျေးရွာဇာတိဖြစ်သည်။ ယခု ဥသျှစ်ကျေးရွာသည် အရာတော်နယ်မှ ဖြစ်နေသည်။

Remove ads

ဆက်လက်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads