မန်းဝင်းခိုင်သန်း
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စု ဝန်ကြီးချုပ် From Wikipedia, the free encyclopedia
Remove ads
မန်းဝင်းခိုင်သန်း (၂၃ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ရှေ့နေ၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြည်ထောင်စု ဝန်ကြီးချုပ် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ ၈ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၁][၂][၂][၃][၄] အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် ၏ မြေးဖြစ်သည်။
ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာအထက်တန်းကျောင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen Leauge) ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။[၅]
Remove ads
နိုင်ငံရေးဘဝ
၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ မြန်မာနိုင်ငံ၏ ခေတ္တဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ခန့်အပ်မှုအရ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။[၆][၇]၂၀၂၁ခုနှစ် ၊ဧပြီလ ၁၆ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှဖွဲ့စည်းသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads