ဒူးရင်းဆိပ်ရွာ၊ သထုံမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဒူးရင်းဆိပ်ရွာ(အင်္ဂလိပ်: Duyinseik)သည် မွန်ပြည်နယ်သထုံခရိုင်သထုံမြို့နယ်ဒူးရင်းဆိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၆၂၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ကျား ၄၉၃၄ ဦး၊ မ ၅၂၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၁၃၈ ဦး နေထိုင်သည်။ []

အချက်တိုများ ဒူးရင်းဆိပ်, ဒူးရင်းဆိပ်ရွာ ...

ရွာ၏တောင်ဘက်တွင် ရွာဦးဖောင်တော်သီစေတီရှိပြီး မြောက်ဘက်တွင် သထုံ-ဘားအံကားလမ်းရှိသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် အနောက်ဘက်တွင် မုရင်းစပါးခင်းများရှိသည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဖြစ်သည်။ ဒုံသမိမြစ်ကူးတံတားနှစ်စင်းရှိသည်။ ကားကူးတံတားနှင့် ရထားကူးတံတားတို့ ဖြစ်သည်။ ငါးဖမ်းခြင်း၊ အုတ်ဖုတ်ခြင်း၊ ထင်းမီးသွေးလုပ်ငန်းနှင့် အခြားသောလုပ်ငန်းများ လုပ်ကိုင်သည်။ ရွာအနီးတွင် ပုဂ္ဂလိကလောင်စာဆီဆိုင်ကြီးနှစ်ဆိုင်ရှိသည်။ တာယာစက်ရုံသို့ ချောင်းရေပေးပို့သောစက်ရုံလည်း ရှိသည်။ လျှပ်စစ်မီးရရှိပြီး‌‌ ကျေးလက်ကျန်းမာရေးဌာနနှင့်အထက(ခွဲ)ရှိသည်။[] စီးပွားရေးလူမှုရေး ဖွံ့ဖြိုးသောရွာ ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads