ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)

လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် From Wikipedia, the free encyclopedia

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)
Remove ads

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) (အတိုကောက် ဒကစ(လောက်ကိုင်)) သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်မြို့တွင် အခြေစိုက်သည်။ ဒကစ(လောက်ကိုင်)၏ အဓိကတာဝန်မှာ ရမခ ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့်ထိစပ်နေသော နယ်နိမိတ်မျဉ်းရှိသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ ထို့ပြင် လက်ရှိတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားဆဲဖြစ်သဖြင့် အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကိုပါ ဝင်ရောက်ကူညီလျက်ရှိသည်။ လက်ရှိ ဒကစ(လောက်ကိုင်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မိုးကျော်သူ ဖြစ်သည်။၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မှ လောက်ကိုင်မြို့နယ်နှင့် ဒကစ(လောက်ကိုင်)အား အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။[]

အချက်တိုများ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)(ကျရှူံး), နိုင်ငံ ...
Remove ads

သမိုင်း

ကိုးကန့်အရေးအခင်း ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဗိုလ်မှူးချုပ် ဝင်းမောင် မှာ ရာထူးမှဖယ်ရှားခံလိုက်ရပြီးနောက် ဗိုလ်မှူးချုပ် လှမြင့် အား ခန့်အပ်ခဲ့လေသည်။

ဖွဲ့စည်းပုံ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး

  1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  2. ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  3. စစ်ဦးစီးမှူး(ပထမတန်း) ရုံး
    1. စစ်ဦးစီးမှူး(ဒုတိယတန်း) ရုံး
    2. ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ရေးဌာန) ရုံး
    3. ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ထောက်ဌာန) ရုံး
  4. အုပ်ချုပ်မှုတပ်ခွဲရုံး

ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. အမှတ်(၁၂၅) ခြေလျင်တပ်ရင်း (ကုန်းကြမ်း)
  2. အမှတ်(၁၂၇) ခြေလျင်တပ်ရင်း (ကောင်းကော်-ကွမ်းလုံ)
  3. အမှတ်(၁၂၈) ခြေလျင်တပ်ရင်း (ပါစင်ကျော်)
  4. အမှတ်(၁၂၉) ခြေလျင်တပ်ရင်း (ဉာဏ်ကွမ်း-ချင်းရွှေဟော်)
  5. အမှတ်(၂၃၉) ခြေလျင်တပ်ရင်း (နားလီ-လောက်ကိုင်)
  6. အမှတ်(၃၁၂) ခြေလျင်တပ်ရင်း (ကွမ်းလုံ)
  7. အမှတ်(၃၂၂) ခြေလျင်တပ်ရင်း (လောက်ကိုင်)
Remove ads

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးချုပ် မိုးကျော်သူ[]

လက်နက်ချခြင်း

၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ ရက် တွင် စတင်ဖြစ်ပွားခဲ့သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၁၀၂၇ စစ်ဆင်ရေးအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) သည် လက်နက်ချအညံ့ခံသည်။လက်နက်ချအညံ့ခံမှုအား ၂၀၂၄ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ပြုလုပ်သည်။[] [] []

ကိုးကား

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads