တင်ဦး (ကလေးအထူးကုဆရာဝန်)

မြန်မာ ကလေးအထူးကုဆရာဝန်ကြီး တစ်ဦးဖြစ်ပြီး အဖ ဦးတင်အန်း၊ အမိ ဒေါ်အေးစိန်တို့က ၂၁ မေ ၁၉၃၀ တွင From Wikipedia, the free encyclopedia

Remove ads

ပါမောက္ခဒေါက်တာတင်ဦးသည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီး တစ်ဦးဖြစ်ပြီး အဖ ဦးတင်အန်း၊ အမိ ဒေါ်အေးစိန်တို့က ၂၁ မေ ၁၉၃၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဆေးပညာဘွဲ့ MBBS ကို ၁၉၅၃ ခုနှစ်တွင် ဆေးပညာမဟာဌာန၊ ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် Royal College of Physicians and Surgeons, London မှ DCH ဘွဲ့၊ Royal College of Physicians, Edinburgh မှ MRCP ဘွဲ့နှင့် ၁၉၇၂ ခုနှစ်တွင် Royal College of Physicians, Edinburgh မှ FRCP ဘွဲ့များကို ရရှိခဲ့သည်။ ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးညွှန်ကြားရေးမှူးချုပ်ဆေးပညာဦးစီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာန စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း တာဝန်ကို ၁၉၈၅ မှ ၁၉၈၈ အထိ ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သည်။[][][][][][] အမည်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသည့်အခါ Tin U ဟု ရေးသည်။

အချက်တိုများ ပါမောက္ခ ဒေါက်တာ တင်ဦး, ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ...
Remove ads

ပထမဆုံးများ

ဒေါက်တာသိန်းအုပ်ကျော်မြင့် ရေးသော မြန်မာဆေးလောက၏ ဦးဆောင်များ[] တွင် ဒေါက်တာတင်ဦးသည် Royal College of Physicians of Edinburgh, UK မှ MRCP (Paediatrics) ဘွဲ့ကို ပထမဆုံးရရှိခဲ့သော မြန်မာလူမျိုးဖြစ်သည်။ ထို့ပြင် ရန်ကုန်ကလေးဆေးရုံကြီး၏ ပထမဆုံး ဆေးရုံအုပ်၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန် တို့၏ ပထမဆုံး ပါမောက္ခ၊ ဌာနမှူးလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။[]

အမျိုးသားစာပေဆု

၁၉၈၀ ခုနှစ်၊ အမျိုးသားစာပေဆု၊​ သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ကို ကလေးကျန်းမာရေးအတွက် ရှုထောင့်အထွေထွေ စာအုပ်ဖြင့် ရရှိခဲ့သည်။ ကလောင်အမည်မှာ ဒေါက်တာတင်ဦး (ကလေးဆေးရုံကြီး) ဖြစ်သည်။[]


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads